[Unicode]
Part 8
အောက်မှာ18 + နည်းနည်းပါပါကြောင်း ကြိုတင်အသိပေးပါသည်။"ကလင်....ကလင်"(ဖုန်းမြည်သံ)
"ဟယ်လို"
"ဟယ်လို သံသာ"
"ပြောလေ ကိုဘုန်းဒီအချိန်ကြီးဘာကိစ္စ ရှိလို့လည်း......"
"ရွက်ငယ် ဖုန်းနံပါတ်လေးလိုချင်လို့ သူနဲ့ပြောစရာရှိလို့..."
"ရတယ်လေ သံသာ Massage ပို့လိုက်မယ်"
"အင်း သံသာ ကျေးဇူးပဲ "
"ရပါတယ် ဒါနဲ့ဒဏ်ရာရော သက်သာလား....."
"အင်း သက်သာတယ်...."
"အဲ့ဆို ဒါပဲနော်.."သံသာ ဖုန်းချပြီးတော့ ရွက်ငယ်ဖုန်းနံပါတ်ကို ဘုန်းမင်းရှိန်ဆီ Massage လှမ်းပို့လိုက်သည်။
"တီ"
ဘုန်းမင်းရှိန်Massage ဝင်သံကြားတော့ ဖုန်းကိုကောက်ကိုင်လိုက်သည်။
(မင်းနဲ့ငါတွေ့ကြသေးတာပေါ့ရွက်ငယ်ရာ ငါဘဝကိုဝင်ရှုပ်တဲ့ကောင် မင်းဘဝကိုငါ့ဖျက်ဆီးပြမယ်
အဲ့ဒါမှ နောက်ကျရင် ငါ့ကိုဝင်မရှုပ်ရဲမှာ မင်းကြောင့် ငါခံထားရတာတွေအတွက် မင်းကိုငါဘာလုပ်ပြမလဲ မင်းသိရတော့မှာပါ ဒီညမင်းကိုငါဘာလုပ်မလဲဆိုတာ........)ဘုန်းမင်းရှိန် လူယုတ်မာတစ်ယောက်လို ပြုံးနေပြီး ရွက်ငယ်ဆီဖုန်းဆက်လိုက်သည်။
"ကလင်...ကလင်"
ရွက်ငယ် ဝင်လာတဲ့ ဖုန်းနံပါတ် ကိုကြည့်လိုက်တော့ နံပါတ်စိမ်းဖြစ်နေတာကြောင့် ဘယ်သူမှန်းမသိ
"ဟယ်လို ဘယ်သူလဲမသိဘူး"
"ကိုယ်ပါ ရွက်ငယ်"ကြားလိုက်ရတဲ့ အသံကြောင့် ရွက်ငယ် မယုံကြည်နိုင်စွာဖြစ်သွားသည်။
"ကိုယ် ဘုန်းမင်းရှိန်ပါ"
"ဟုတ် ဟုတ်ကဲ့ ကိုဘုန်း ကျွန်တော်ဆီဘာလို့ ဖုန်းဆက်တာလဲ...."
"ကိုယ် အခုရဲရင့်တိုက်ခန်းမှာ ခေါင်းတွေတအားမူးနေလို့ ဒဏ်ရာတွေကလည်းနာနေလို့ အခုရဲရင့်လည်းမရှိဘူး အဲဒါရွက်ငယ် ကိုယ့်ဆီလာခဲ့ပေးလိူ့ရမလား ကိုယ်အရမ်းနေမကောင်းဖြစ်နေလို့.."
"ဟုတ်...ဟုတ်ကဲ့ ရွက်ငယ်လာခဲ့ပါမယ် လိပ်စာပြောလေ ကိုဘုန်း"
"လိပ်စာက သီရိအိမ်ရာ အခန်းနံပါတ် ၂၆ သုံးထပ်မြောက်မှာ..."
"ဟုတ်...ဟုတ် ကျွန်တော်အခုပဲလာခဲ့ပါ့မယ်"ဘုန်းမင်းရှိန် အောင်နိုင်သူလို အပြုံးများဖြင့် ယုတ်မာစွာပြုံးနေသည်။
(ရွက်ငယ် မင်းတော့ ငါ့ထောင်ချောက်ထဲရောက်ပြီ
မင်းလွတ်လမ်းမရှိတော့ဘူး)