[Unicode]
Part 10"ကိုဆက်ရှင်းခ သွားတာကြာလိုက်တာ "
"လာပါပြီဗျာ ရွက်ငယ်က ဗိုက်စာလို့လား..."
"အင်း.....နည်းနည်း"
"ရော့ ခေါက်ဆွဲပြုတ်လေး သောက်လိုက်"ရွက်ငယ်ရှေ့ကို အငွေ့တထောင်းထောင်းထွက်နေတဲ့ ခေါ်ဆွဲပြုတ်ပန်းကန်ကို ချပေးလိုက်သည်။ရွက်ငယ် ဇွန်းကိုကိုင်ပြီး ခေါက်ဆွဲပြုတ်ကို ခပ်လိုက်တော့ လက်ကနာနေတာကြောင့် ဇွန်းက ပန်းကန်ထဲပြုတ်ကျသွားသည်။
"ရွက်ငယ် လက်နာနေတာလား.."
"အင်း...."
"အဲ့ဆို အကိုတိုက်မယ်"
"ဟုတ်"
.
.
"ဟ"
ဆက်ရှင်းခ ခေါက်ဆွဲပြုတ်ကို ခပ်ပြီး ရွက်ငယ်ကိုတိုက်လိုက်သည်။တစ်ဇွန်းပြီး တစ်ဇွန်းခပ်တိုက်နေတာ ခေါက်ဆွဲပြုတ်လည်း ကုန်သွားပြီ...."ရွက်ငယ် ခေါက်ဆွဲပြုတ်လည်း စားပြီးပြီဆိုတော့ အခုဆေးသောက်ရမယ်"
"ဟင့်အင်း...ဆေးမသောက်ချင်ဘူး "
"ဘာဖြစ်လို့လဲ ဆေးသောက်မှ ပြောက်မှာပေါ့"
"ဆေးတွေက ခါးမှာ ကျွန်တော်မသောက်ချင်ဘူး"
"မခါးပါဘူး ဆေးလေးကိုလျှာပေါ်တင်ပြီး ရေလေးနဲ့ မျှောချလိုက်ရုံပဲ "
"ကျွန်တော် အဲ့လိုမလုပ်တတ်ဘူး အဲ့လိုလုပ်ရင် ဆေးက လည်ပင်းဝမှာတစ်နေတာ အောက်ကိုမကျဘူး"
"အဲ့ဆို ရွက်ငယ်က ဆေးကိုမပြိုချတတ်ဘူးပေါ့"
"အင်း...."
"ဟက်!!"
"ဘာရယ်တာလဲ"
"ဘာမှမဟုတ်ပါဘူး ရွက်ငယ်ပြောတာကို သဘောကျလို့ပါ ဆေးမပြိုချတတ်ဘူးတဲ့ ကလေးလေးကျနေတာပဲ"
"အဲ့တာဘာဖြစ်လဲ မလုပ်တတ်လို့ မလုပ်တတ်ဘူးပြောတာ ဘာရယ်စရာပါလို့လဲ...."ရွက်ငယ် နှုတ်ခမ်းကိုဆူပြီး တစ်လုံးမကျန်ပြန်ပြောနေသည်။ဆက်ရှင်းခ ရွက်ငယ်ကိုကြည့်ပြီး ကိုက်စားချက်လာသည်။
(ရွက်ငယ် ဘယ်လိုလေးပြောနေတာလဲ အကိုမင်းနှုတ်ခမ်းလေးကို ကိုက်ချင်လာပြီကွာ)"ကိုဆက်ရှင်းခ ဘာလို့ကျွန်တော်ကိုစိုက်ကြည့်နေတာလဲ "
"ဟင်...ဟင် ဘာပြောလိုက်တာလဲ ရွက်ငယ်"
"ကျွန်တော်ကို ဘာလို့ကြည့်နေတာလဲလို့"
"မကြည့်ပါဘူး"
"ကြည့်ပါတယ် "
"မကြည့်ပါဘူးဆို တော်တော့ ဆေးသောက်ကမယ်"
"မသောက်ချင်ဘူးလို့ အီ..ဟီး.."
"ဟာ ရွက်ငယ် မငိုနဲ့လေ "
"ဆေးမသောက်ချင်ဘူးလို့.."
"ဟုတ်ပြီ ကိုယ်ဆေးကိုကျိတ်ပြီးတိုက်မယ်လေ
နော် မငိုနဲ့တိတ် ရွက်ငယ်လေးက လိမ်မာပါတယ် ဆက်ငိုနေရင် ခေါင်းတွေမူးပြီး ဆေးတွေအများကြီးသောက်ရလိမ့်မယ်နော်"
"ဟင်!!တကယ်ပြောတာလား .."
"တကယ်ပေါ့ မငိုနဲ့တော့ တိတ်"
"အကို ဆေးကျိတ်ပြီး ဖျော်တိုက်မယ် မခါးစေရဘူး..."