[Unicode]
Part 14စာလုံးပေါင်း မစစ်ထားလို့ အမှားပါရင် ပြင်ဖတ်ပေးပါ
"ကလင် ကလင် "
"ဟယ်လို"
"ဟုတ်ကဲ့ ဦးဘုန်းရာဇာတို့ အိမ်ကလား--"
"ဟုတ်ပါတယ်---"
"ဦးဘုန်းရာဇာရဲ့သား ဘုန်းမင်းရှိန် ကား accident ဖြစ်လို့ပါ ဆေးရုံရောက်နေပါတယ် "
"ရှင် ----ကျွန်မ ---ကျွန်မ သားလေး အေြခအနေဘယ်လိုရှိလဲ--"
"အရေးပေါ် အခြေအနေမို့ ဆေးရုံအမြန်ဆုံးလာခဲ့ပေးပါ----"
"ဟုတ်ကဲ့ ကျွန်မ အမြန်လာခဲ့ပါ့မယ်"ဒေါ်စိန်ကလျာ ဆေးရုံကိုကားအမြန်မောင်းသွားသည်။
ဆက်ရှင်းခနဲ့ ရွက်ငယ်မိဘတွေကို ကန်တော့ပြီး
ရွက်ငယ် အဝတ်စားသယ်ကာ ဆက်ရှင်းခအိမ်လိုက်သွားရသည်။ဆက်ရှင်းခ အိမ်ရောက်တော့ အဝတ်စားလဲကာ တီဗွီထိုင်ကြည့်နေလိုက်သည်။ဆက်ရှင်းခ အဝတ်စားလဲပြီးတော့ ရွက်ငယ်ဘေးမှာဝင်ထိုင်လိုက်သည်။ဆက်ရှင်းခ ရွက်ငယ်လက်ကလေးတွေကို ဆုပ်ကိုင်လိုက်သည်။ရွက်ငယ်ဘက်က ဘာမှမတုံပြန်တာကြောင့် ဆက်ရှင်းခ ရွက်ငယ်ပုခုံးကိုလှမ်းဖက်လိုက်သည်။"ရွက်ငယ် အကို့ကိုချစ်လား---"
ရွက်ငယ် ဘာမှမဖြေပါ။ဆက်ရှင်းခ ဇွဲမလျော့ပဲ ဆက်မေးလိုက်သည်။
"ရွက်ငယ် အကို့ကိုချစ်လားလို့--"
"ကျွန်တော် ကျွန်တော်--"
"ပြောပါ အကို စိတ်မဆိုးပါဘူး---"
"ကျွန်တော် အကို့ကို အခုသိပ်မချစ်သေးပေမဲ့ ချစ်နိုင်အောင် ကြိုးစားပါ့မယ်---"ရွက်ငယ် အဖြေကြောင့် ဆက်ရှင်းခပျော်သွားသည်။
"သိပ်မချစ်သေးဘူးဆိုတော့ နည်းနည်းတော့ချစ်တယ်ပေါ့---"
"ဟုတ်---"
"ကိုယ့် ရွက်ငယ်လေးကချစ်ဖို့ ကောင်းလိုက်တာကွာ"ဆင်ရှင်းခ ရွက်ငယ်နဖူးလေးကို နမ်းလိုက်တော့ ရွက်ငယ်ရှက်ပြီး ခေါင်းငုံ့သွားသည်။ဆက်ရှင်းခ ရွက်ငယ်ရှက်နေတာလေးကိုကြည့်ပြီး ချစ်လွန်းလို့ ကိုက်ဆွဲပစ်လိုက်ချင်သည်။ဒါပေမဲ့လည်းရွက်ငယ်ရဲ့ အသားနုနုလေးတွေကို သူမကိုက်ရက်ပါ။
"အခု သတင်းတစ်ခုကတော့ ယနေ့မနက်က ဟိုင်းဝေးလမ်းမပေါ်မှာ ဖြစ်ခဲ့တဲ့ ယဉ်တိုက်မှုကိုတင်ဆက်ပေးပါ့မယ်---"
"ဟိုင်းဝေးလမ်းမပေါ်မှာ ဖြစ်ခဲ့တဲ့ ယဉ်တိုက်မှုမှာ တစ်ဖက်ကားပေါ်က လူတွေက ဒဏ်ရာအနာတရသိပ်မဖြစ်ပေမဲ့ တစ်ဖက်ကားပေါ်က လူက Sky ကုန်မဏီပိုင်ရှင် ဦးဘုန်းရာဇာရဲ့သား ဘုန်းမင်းရှိန်ကတော့ အရေးပေါ် အခြေအနေနဲ့ (----)
ဆေးရုံမှာ ဆေးကုသမှု ခံယူနေပါတယ်"