[Unicode]
Part 15"ရွက်ငယ် အပေါ်တက်ပြီး ခဏနားနေလိုက်အုံး ရွက်ငယ် စားဖို့ အကိုတစ်ခုခုပြင်ပေးမယ် "
"ကျွန်တော် မစာပါဘူး မလုပ်နဲ့တော့ အကိုလည်း တစ်နေ့လုံးမနားရသေးဘူး-----"
"အကိုက ဘာမှမဖြစ်ပါဘူး ရွက်ငယ် သွေးသွင်းထားတာလေ အားရှိဖို့လိုတယ် သွားနားတော့ ပြီးရင်အကို အပေါ်ကိုယူလာပေးမယ်---"ရွက်ငယ် ဆက်ရှင်းခကို ကြည့်ပြီး သနားလာမိတယ်။
(အကို ကျွန်တော်အပေါ် အမြဲကောင်းပေမဲ့ ကျွန်တော် အကို့အပေါ် လျစ်လျူရှုထားခဲ့မိတယ် ကျွန်တော် ဒီနေ့ကစပြီး အကို့ကို စိတ်ချမ်းသာအောင်ထားပါ့မယ်)"ရွက်ငယ် ဘာတွေစဉ်းစားနေတာလဲ သွားနားတော့လို့ "
"ဟုတ် အဲ့ဆို ကျွန်တော်သွားနာတော့မယ်နော်"
"အင်း---သွားတော့---"ရွက်ငယ် အပေါ်တက်သွားတော့ ဆက်ရှင်းခ မီးဖိုခန်းထဲဝင်ပြီး ရွက်ငယ်စားဖို့ ကြက်သားစွပ်ပြုတ်လေးလုပ်ပေးနေသည်။
(ရွက်ငယ်ရယ် အကိုမင်းကို ချစ်ပေမဲ့ မင်းကတော့ အကိုရှိတာကိုတောင် သတိရသေးရဲ့လား
မင်း ဘုန်းမင်းရှိန်ကို ဂရုစိုက်ပေးနေတာကို မြင်ရရင် အကိုဝမ်းနည်းမိတယ်ကွာ ဘာပဲဖြစ်ဖြစ် မင်းပျော်မယ်ဆိုရင် အကိုအကုန်လိုက်လျောပေးမှာပါ)ဆက်ရှင်းခ အတွေးတွေကို လက်စသက်ကာ စွပ်ပြုတ်ပန်းကန်ကိုယူပြီး အပေါ်တက်လာခဲ့သည်။
ဆက်ရှင်းခ အခန်းတံခါးကိုဖွင့်လိုက်တော့ အိပ်ရာပေါ်ကွေးကွေးလေးလှဲအိပ်နေတဲ့ ရွက်ငယ်ကိုကြည့်ပြီး အချစ်တွေပိုလာရပြန်သည်။
ရွက်ငယ် မျက်လုံးဖွင့်ကြည့်လိုက်တော့ အခန်းဝမှာရပ်နေတဲ့ ဆက်ရှင်းခကိုမြင်ပြီး ရှက်သွားသည်။
"အကို လာလေ ကျွန်တော်ကို ဘာလို့ အဲ့လိုကြည့်နေတာလဲ မကြည့်နဲ့တော့ ကျွန်တော်မနေတတ်ဘူး--"
"ရွက်ငယ်အိပ်နေတာလေးက ချစ်ဖို့ကောင်းလို့ ကြည့်နေတာပါ ရွက်ငယ်မကြိုက်ရင် အကိုမကြည့်တော့ဘူး"
"အခုတော့ အားရှိအောင် စွပ်ပြတ်လေးသောက်ရအောင်"
"ဟုတ်---"ဆက်ရှင်းခ စွပ်ပြုတ်ပန်းကန်ကို ခုံပေါ်တင်လိုက်သည်။
"ဟေ့ ငြိမ်ငြိမ်နေ မလှုပ်နဲ့ လက်နာလိမ့်မယ် အကိုခွန့်ကြွေးမယ်"
"ရပါတယ် ကျွန်တော်ဘာသာစားနိုင်ပါတယ်"
"ဘာလဲ အကိုခွန့်ကျွေးတာ မစားချင်လို့လား---"
"မဟုတ်ဘာဘူး အကိုအလုပ်ရှုပ်မှာဆိုးလို့ပါ"
"မရှုပ်ပါဘူး လာ အကိုခွန့်ကျွေးမယ်"
"အင်း----"
"ပါးစပ်ဟ "
"ကောင်းလား--"
"wow--- ကောင်းလိုက်တာ "
"စားလို့ကောင်းရင် ထပ်စား--"
"ရော့---"