[Unicode]
Part 5"ဘုန်းမင်း ရွက်ငယ်တကယ်ခံစားသွားရတာတယ်ထင်တယ်"
"ဆောက်ပိုတွေ အစောကြီးထဲကစဉ်းစားပါလား
သူလိုလူကို ဘယ်သူကချစ်မှာလဲ ခံစားရလဲ ငါနဲ့ဘာမှမဆိုင်ဘူး"
"လူတစ်ယောက် ခံစားချက်ကို အဲ့လိုမလုပ်သင့်ဘူး
မင်းကိုပြောနေလည်း မင်းသိမှာမဟုတ်ပါဘူး
နောင်တစ်ချိန် မင်းအဲ့လိုခံစားရရင် မင်းနားလည်လိမ့်မယ်"
"ငါကဘယ်တော့မှ အဲ့လိုခံစားရမှာမဟုတ်ဘူး"
"ဟုတ်ပါပြီကွာ ခုတော့အတန်းသွညးတက်ရအောင်"ဘုန်းမင်းရှိန်ကတော့ သူပြောချင်တာပြောလိုက်ရတာကြောင့် ပျော်နေပေမဲ့ သူစကားတွေကြောင့် ခံစားသွားရတဲ့လူကိုတော့ ဂရုပင်မစိုက်။တစ်ဖက်မှာလည်း ဘုန်းမင်းရှိန်ပြောလိုက်တဲ့ စကားတွေကြောင့်ရွက်ငယ် အရူးတစ်ယောက် အသိစိတ်လွတ်သွားပြီး လမ်းမထက်မှ ဘာမှကိုမမြင်နိုင်လောက်အောင်ဖြစ်သွားပြီး ကားလမ်းမကို ဖြတ်ကူးလိုက်ချိန် ရွက်ငယ်ရှိကို တည့်တည့်မောင်းလာနေတဲ့ကားကို ရွက်ငယ်မမြင်မိ.........
"ရွက်ငယ်...သတိထား"
ဆက်ရှင်းခ သတိပေးပြီး ရွက်ငယ်ကိုလှမ်းဆွဲလိုက်သည်။နှစ်ယောက်လုံး ဘေးနားကိုလဲကျသွားပြီး ရွက်ငယ်ဆက်ရှင်းခအပေါ်လဲကျတာကြောင့်
ဘာမှမဖြစ်ပေမဲ့ ဆက်ရှင်ခကတော့အောက်က ကွန်ကတစ်လမ်းနဲ့ တံတောင်ဆစ်နဲ့ ပွတ်တိုက်ဆွဲသလို ဖြစ်သွားတာကြောင့် သွေးတွေထွက်သွားသည်။ဆက်ရှင်းခ သူဒဏ်ရာရသွားတာကိုပင် မသိနိုင်လောက်အောင် ရွက်ငယ်ကို စိတ်ပူနေသည်။"ရွက်ငယ် အဆင်ပြေရဲ့လား..."
"ဟုတ်..."
" ကားတစ်စီးလုံးလာနေတာကို မတွေ့နိုင်လောက်ကို ဘာတွေများဖြစ်လာလို့လဲ ရွက်ငယ်ရယ်..."
"ကိုဆက်ရှင်းခကို ကျေးဇူးတင်ပါတယ်"
"ဘာအတွက်လဲ ရွက်ငယ်"
"ကျွန်တော်အသက်ကို ကယ်လိုက်တဲ့အတွက်ပါ
ကျေးဇူးတင်တယ်ဆိုတာထက် ပိုပြောလို့ရရင်ပြောချင်ပါတယ် ဘာပဲဖြစ်ဖြစ် အကိုက ကျွန်တော် အသက်သခင်ကျေးဇူးရှင်ပါ"
"ဒါနဲ့ ရွက်ငယ် ကိုယ်မေးတာမဖြေသေးဘူး"
"ဘာမှမဟုတ်ပါဘူး ပြသာနာနည်းနည်းဖြစ်လာလို့ပါ"
"ရွက်ငယ်.....ငိုထားတာလား..."
"မဟုတ်ပါဘူး...မျက်လုံးထဲ ဖုန်ဝင်သွားလို့ပါ"
"အင်းပါ..ရွက်ငယ်အဆင်ပြောရင်ပြီးတာပဲ"