1

27.4K 1.1K 51
                                    

ခေါက်ရိုးကျနေသည့် ဘဝနေထိုင်မှုပုံစံများတွင် နေထိုင်ရသည်ကို Jennie စိတ်ကုန်စပြုလာသည်။ လိုအပ်ရဲ့လားဆိုတာ မသေချာသည့်အရာများကို သူမ၏ဖခင်ထံမှ အမိန့်စကားတစ်ခွန်းဖြင့် လုပ်ဆောင်ခဲ့ရသည်မှာ ခပ်များများဖြစ်သည်။ ဒယ်ဒီသည် စည်းကမ်းကြီးပြီး အနေတည်သည့် စီးပွါးရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည်။ မာမီဆုံးပြီးတည်းက ပုံမှန်ထပ်ပိုပြီး တိတ်ဆိတ်သွားခဲ့သည့် Jennie နှင့် ဒယ်ဒီတို့ကြားက ဆက်ဆံရေးသည် တဖြေးဖြေးအကျည်းတန်လာခဲ့သည်။

"Jennie အန်ကယ်ခေါ်နေတယ်"

အိမ်အကူအဒေါ်ကြီးအပါအဝင် အလုပ်မှလူများသည် ဒယ်ဒီ့ကို အန်ကယ်ဟုခေါ်လေ့ရှိကြသည်။ အိပ်ရာထက် လှဲချ၍ မျက်နှာကျက်ကိုကြည့်ကာ အတွေးလွန်နေသည့် Jennie အား ဒယ်ဒီခေါ်နေသည်ဟု လာပြောသည်။ ဘာတွေများ ပုံစံအသစ်တွေ ထပ်ပြီးပေးဦးမလဲဟု Jennie စိတ်ရှုပ်စွာတွေးလိုက်မိသည်။

"ဒယ်ဒီ ခေါ်လား"

"အင်း ဒယ်ဒီ ခရီးသွားစရာရှိတယ်သမီး။ တစ်လလောက်ကြာမယ်"

စိတ်ထဲတွင်ပျော်ရွှင်သွားသည်။ ဒယ်ဒီမရှိလျှင် သူမ ခံစားရသည့် လွတ်လပ်ပျော်ရွှင်မှုသည် ဘာနဲ့မှလဲ၍မရ။ ဒယ်ဒီမရှိလျှင် ဘယ်ကိုသွားရမလဲဆိုတာ Jennie စဉ်းစားနေမိသည်။

"ကြားလား Jennie Ruby Jane"

ခပ်တင်းတင်းခေါ်သံကိုကြားမှ Jennie အသိပြန်ဝင်သည်။ ဒယ်ဒီတစ်ခုခုပြောလိုက်သေးသည်။ သူမ မကြားလိုက်။

"ဟင် ဘာလဲ ဒယ်ဒီ"

"တစ်ခုခုလုပ်တော့လို့။ ဘဝကိုဒီလိုပဲနေနေတော့မှာလား"

"ဒီလိုလည်း နေရတာ အဆင်ပြေနေတာပဲလေ ဒယ်ဒီ"

Jennie ပြန်ပြောရဲသည့် မိုင်ကုန်စကားမှာ ထိုမျှသာဖြစ်သည်။ ဒယ်ဒီသည် သူ့အယူအဆများ မည်မျှထိမှန်ကန်ကြောင်း ပြောပြနေသည်။ သူ့နည်းလမ်းတွေအတိုင်းသာ Jennie ရှင်သန်ရမည်ဖြစ်ကြောင်း ပြောပြနေသည်။ လုပ်နေကျအတိုင်း ဘယ်ဘက်နားကဝင်၍ ညာဘက်နားဆီကနေ ဒယ်ဒီ့စကားတွေကို ပြန်ထွက်လိုက်စေသည်။

ချည်တိုင်Where stories live. Discover now