Unicode
အပိုင်း(၆)မယ်မယ် နှစ်ပတ်လည်
အိမ်ရှေ့စံ နဲ့ လက်ဆက်ပြီးကတည်းက ဝမ်ရိပေါ် ဟာ ဘယ်မှမသွားရ၊ သွားရင်လဲ အိမ်တော်ထဲပဲ သွားရတယ်၊၊ နောက်ပြီး သွားလေရာ လိုက်ပါလာတဲ့ နောက်က အုပ်စုကြီးတောင် သူ တကယ် စိတ်ညစ်ပါသည်၊၊ ယောကျ်ားကလဲ ဝမ်ရိပေါ် ကို ဂရုတစိုက်ထားရှာပါတယ်၊၊ အပြင်မှာသာ ထုတ်မပြောရဲတာ ယောကျ်ား ဆိုပြီး ခေါ်ချင်နေတာ ပါးစပ်ကို ယားနေတာပဲ၊၊
မိုးမခဆောင်မှာ ထိုင်ရင်း ရေကန်ထဲက ကြာပန်းနီနီလေးတွေကို အတိုင်းသား မြင်ရသည်၊၊ မေမေ ပြောသလို နန်းတွင်း အရှုပ်အထွေးကြားမှာ သူပါ ကောက်ရိုးမီးစလို ပြဿနာတွေ တက်လာမှာလဲ သိပ်ကြောက်သည်၊၊
စတွေ့တုန်းကနဲ့ မတူဘဲ အခုဆို ရှောင်းကျန့် က ချောမော ခန့်ညားရုံသာမက ချစ်ဖို့လဲ အလွန်ကောင်းသည်၊၊ ရှောင်းကျန့် ကို ချစ်လားဆိုရင် မပြောတတ်ဘူး၊၊ အနားမှာ ရှိရင် သူက နွေးထွေးတယ်လို့ ခံစားမိတဲ့အထိ ရှောင်းကျန့် ကို အားကိုးချင်သည်၊၊
" ဝမ် "
နောက်ပါးက ခေါ်သံလေးကြောင့် ကျောလေးပင် မတ်သွားသည်၊၊ လှည့်ကြည့်ဖို့ ပြင်လိုက်ပေမဲ့ ဘေးတစ်စောင်းလေး ပါးကို လာနမ်းတဲ့ ရှောင်းကျန့် နဲ့ အချိန်ကိုက် ထိမိရာ နှုတ်ခမ်းတွေ နွေးထွေးသွားသည်၊၊
" ကိုယ့်ရဲ့ ကြင်ယာတော် ပင်ပန်းနေပြီလား "
" အင်း ပင်ပန်းရအောင် ငါက ဘာမှ မလုပ်ရဘဲနဲ့၊၊ အဲ့စကားကို မင်း နောက်လိုက်တွေကို ပြောရမှာ၊၊ ငါ့နောက်ကို ပျားအုံလို လိုက်နေကြတယ် "
ရိပေါ် က လူငယ်ပဲ၊၊ လွတ်လပ်မှုကို ခုံမင်တာ သဘာဝပဲ၊၊ ရှောင်းကျန့် နဲ့ လက်ထပ်ပြီးမှ သူ့ဘဝကလဲ အကျဉ်းသားတစ်ယောက်လိုပဲ၊၊
" ဝမ် ကို စိတ်မချလို့ပါ၊၊ ကိုယ့် နန်းတက်ပွဲအတွက် စီစဉ်နေရတာ သိပ်ပင်ပန်းတာပဲ၊၊ ဒီလို အချိန်မှာ ဝမ် က ကိုယ့်ကို ပြုစု ပေးသင့်တယ်မလား "
" မလုပ်ချင်ပါဘူး၊၊ အိမ်တော်မှာ အစေခံတွေ ပေါနေတာ သူတို့ လုပ်ခိုင်းပေါ့ "
YOU ARE READING
ဧကရာဇ်ရဲ့ မူပိုင်လူ [[ Completed ]]
Fanfictionအစထဲက ကိုယ့်ကို မင်းပိုင်ပြီးသားပါ ကိုယ့်ရဲ့ မူပိုင်သူလေး ZSWWSZD Historical Fanfic Cover by- @Yatitunn