အပိုင်း(၁၈)

4.1K 367 31
                                    

Zawgyi

အပိုင်း(၁၈) ထွက်သွားသူကြီး

ရှောင်းကျန့် က သူ၏ သားလေး နာမည်ကို ရှောင်းဝမ် ဟု အမည်တွင်စေသည်၊၊ အိမ်ရှေ့စံ မင်းသား လေး အဖြစ် အရိုက်အရာ ပေးဖို့ သားက ငယ်သေးမှန်း သူသိသည်၊၊ ထို့ကြောင့် ရာထူးကို ရွေ့ဆိုင်းကာ အခု လက်ရှိ နယ်မြေ ကိစ္စ နှင့် စိတ်နှစ်နေရသည်၊၊

ရှောင်းကျန့် က ကိုယ်တိုင် စစ်ထွက်ချင်ပေမဲ့ တိုင်းပြည် မင်းကြီး ဖြစ်နေ၍ လက်အောက်ခံတွေကို အမိန့်ပေးပြီး သူကတော့ ပျင်းရိစရာကောင်းတဲ့ နန်းတော်မှာ အခန့်သား သတင်းကောင်း မျှော်လင့်နေရသည်၊၊

" ရိရှင်း "

" အင်း "

" စစ်တုရင် ကစားပွဲကို တကယ် စစ်မြေပြင် အတိုင်း ကစားကြမလား "

" ဟင်း မင်း သဘောလေ "

" ကောင်းပြီ "

ရှောင်းကျန့် က စစ်တုရင် အနက်ရောင်ကို ကိုင်ပြီး ရိရှင်းက အဖြူကို ကိုင်ကာ စစ်ချီတော့သည်၊၊ အပြန်အလှန် အင်တိုက်အားတိုက် ကစားရင်း နောက်ဆုံး လက်ကျန်ရောက်မှ အထိန်းတော်၏ ပျာပျာသလဲ လုပ်မှုကြောင့် ကစားပွဲက ပျက်သွားရသည်၊၊

" ခွင့်လွှတ်ပေးပါ အရှင်၊၊ မင်းသားငယ်လေး ဖျားနေလို့ ငိုနေကြောင်းပါ "

သားက တော်ရုံဆို မဖျားဘူး၊၊ ဖျားရင်လည်း သိပ်ဂျီကျတာ၊၊ ရှောင်းကျန့် ဝတ်ရုံတကားကားနဲ့ အဆောင်တော်သို့ ပြေးရလေသည်၊၊

" ဘယ်လိုဖြစ်တာလဲ ဝမ် "

ရိပေါ် လက်ထဲကနေ အော်ငိုနေသော သားကို လက်လွှဲယူကာ ချော့မြူလိုက်သည်၊၊

" သားက အအေးမိပုံပဲ ကျန့်ရယ် အဟင့် ဘာလုပ်ရမလဲ မသိဘူး "

သားနှင့်အပြိုင် ရိပေါ် ကပါ ငိုတော့ ရှောင်းကျန့် ကလေးကြီးနဲ့ ကလေးသေးလေးကို အပြိုင် သူ့ရဲ့ သန်မာသော လက်တွေနဲ့ ပွတ်သပ်ကာ ချော့မြူရသည်၊၊

" ဝမ် က ကလေးကလား မငိုပါနဲ့ "

" အဟင့် သား ငိုတော့ ငါလည်း ငိုချင်တာပေါ့ "

ရော်... ခက်လိုက်တာ ဝမ်ရယ်၊၊

သမားတော် က သားလေး၏ လက်ဖျံငယ်လေးကို အပ်နဲ့ စိုက်ကာ ဆေးပေးသည်၊၊ ဆေးခါးတွေကို သားကို မတိုက်ချင်ပေမဲ့ အအေးမိတာဆိုတော့ မတိုက်ရင် အဖျားကြီးလာမှာ စိုးရသည်၊၊

ဧကရာဇ်ရဲ့  မူပိုင်လူ [[ Completed  ]]Donde viven las historias. Descúbrelo ahora