Unicode
အပိုင်း(၂) လက်ဆောင်
ဝမ်ရိပေါ် ဟာ အိမ်ပြန်ရောက်တာနဲ့ ဖေဖေရဲ့ ဆူပူ မှုကို ခံလိုက်ရသည်၊၊ အဆူခံရရုံသာမက အပြစ်ပေးလဲ ခံလိုက်ရသည်၊၊ ဖေဖေက စိတ်ဆိုးရင်တောင် ရိုက်နှက်မဆုံးမတတ်၊၊ ထိုင်ထအခါ တစ်ရာပဲ လုပ်ခိုင်းသည်၊၊
" ဖေကြီး စိတ်လျော့ပါ၊၊သားလေးလဲ ညောင်းနေပါရော့မယ် "
" ရှင်မ သားက မလိမ္မာလို့ ကိုယ် ဆုံးမရတာပါ၊၊ omega တစ်ယောက်ဖြစ်ပြီး လျှောက်သွားနေတာ မဖြစ်သင့်ဘူး "
" ဖေကြီး က အမြဲ ထိုင်ထ လုပ်ခိုင်းနေမှတော့ သားက ယောကျ်ား လေးတန်မဲ့ ကိုယ်လုံးကိုယ်ပေါက်လှနေပြီ "
ဟုတ်ပါသည်... သားလေးရဲ့ ကိုယ်လုံးက်ုယ်ပေါက်က ပြေပြစ်ပြီး ခါးသွယ်ပြီး တင်ပါးလှလှလေးကို ပိုင်ဆိုင်ထားသည်၊၊ ဖြူအု နုဖက်နေတဲ့ သားက ဒီလိုကောက်ကြောင်းအလှလေးနဲ့ဆို ပို၍ပင် မက်မောယစ်မူးဖွယ် လှတယ်ဆိုတာထက် ပိုလှနေသယောင်၊၊
" ရိပေါ် ဒီလာဦး "
ဖေဖေခေါ်တော့ ရိပေါ် လဲ ဝတ်ရုံစလေးကို အတန်ငယ် မကာ အနားသွားရပ်လိုက်သည်၊၊စိတ်ဆိုးလဲ ခဏပဲ ကြာတဲ့ သူ့ဖေဖေ၊၊
" ဘယ်တွေသွားနေတာလဲ "
" ဒီနားလေးပါပဲ ၊၊ သားပျင်းလို့ပါ "
" သားက အခုမှ ၁၈စွန်းစွန်း ရှိသေးတာ အပြင်တွေ လျှောက်သွားရင် မကောင်းတဲ့သူနဲ့ တွေ့သွားမှာပေါ့ "
" သားလဲ သိုင်းပညာတတ်တယ် "
ဝမ်လျင်က သက်ပြင်းချရုံမှ ခေါင်းမာတဲ့သားကိုမနိုင်၊ အကြီးတောင် ပါရမီဖြည့်ဖက်တွေ့သွားလို့ပါ ပါးစပ်ငြိမ်နေတာ၊၊ လူပျိုပေါက်တုန်းက ထိန်းမနိုင်၊ သိမ်းမနိုင် မျောက်လောင်းတွေ၊၊
" သွားတော့ "
ရိပေါ် က မေမေပါးကို ရွှတ်ကနဲနမ်းပြီး ပြေးထွက်သွားသည်၊၊ဖေဖေတော့ မနမ်းရဲဘူး၊၊ စိတ်တိုနေတဲ့အချိန်ဆို ဝမ်ရိပေါ် တို့က သိပ်သိပ်ကြောက်၊၊
ကုတင်ပေါ်မှာ ထိုင်ပြီး စောနက ထိုင်ထလုပ်ခဲ့ရ၍ ခြေထောက်တွေ ထုံနေသည်၊၊ တဆက်ထဲ ဟို လူဆိုးကြီးကိုပါ သတိရသွားသည်၊၊ သိပ်လက်ရဲတဲ့လူကြီး၊၊ သူ့ရဲ့ omega တစ်ယောက်လုပ်ဖို့ တောင်းဆိုရဲသေးတယ်၊၊
VOCÊ ESTÁ LENDO
ဧကရာဇ်ရဲ့ မူပိုင်လူ [[ Completed ]]
Fanficအစထဲက ကိုယ့်ကို မင်းပိုင်ပြီးသားပါ ကိုယ့်ရဲ့ မူပိုင်သူလေး ZSWWSZD Historical Fanfic Cover by- @Yatitunn