Zawgyi
အပိုင်း(၁၆) ကလေးမွေးပြီ
ဝမ်ရိပေါ် ဟာ ကိုယ်ဝန် ငါးလ ရောက်နေတော့ ဗိုက်က မသိမသာ စူနေပြီး အစားလည်း အရမ်း ကြီးလာသည်၊၊ အစပ်တွေ တအား စားချင်နေတဲ့ ဗိုက်ပူလေးပါပဲ၊၊
" မဖြစ်ပါဘူး ကြင်ယာတော် အစပ်တွေ မစားရဘူးလို့ အရှင် က မှာထားပါတယ် "
" အပြစ်ဒဏ်ခံချင်နေတာလား ငါ့အမိန့် မနာခံတာ "
ဝမ်ရိပေါ် အသံက မာဆတ်ပြီး ဒေါသလဲ ထွက်နေသည်၊၊ဘာစားစား ကန့်ကွက်ခံနေရတော့ လူက စိတ်မကြည်ချင်တော့ပေ၊၊
" သတ်ချင်လည်း သတ်လိုက်ပါ ကြင်ယာတော် "
ဒူးထောက်ကာ ခေါင်းငုံ့နေတဲ့ အထိန်းတော်ကြီးတောင် ရိပေါ် က ငိုလည်း ငိုချင်လာသည်၊၊
" အီး ဟီး ဟီး ဟင့် "
" ကြင်ယာတော် မငိုပါနဲ့ "
ထငိုတဲ့ ဝမ်ရိပေါ် ဟာ တကယ် ကလေး အတိုင်းပဲ၊၊ အထိန်းတော် ကြီးလည်း ပျာယာခတ်နေသည်၊၊
" ဝမ် ဘာဖြစ်တာလဲ ကိုယ့် အချစ်ကို ဘယ်သူက ငိုအောင် လုပ်ရဲတာလဲ "
ငိုနေတဲ့ ရိပေါ် ကို ထွေးပွေု့ ပြီး ရှောင်းကျန့် က သူ့၏ အိမ်တော်ထိန်းကို ကြည့်လိုက်သည်၊၊
" ကြင်ယာတော်လေးက အစပ်စားချင်နေတယ်တဲ့ အရှင် "
ရှောင်းကျန့် က သက်ပြင်း ချပြီး အထိန်းတော် ကို ထွက်သွားဖို့ မျက်စပစ်လိုက်သည်၊၊ ဒီ ဗိုက်ပူလေးကို ချော့ရဦးမည်၊၊
" ဝမ် အစပ်စားရင် ဗိုက်ထဲက ကလေးလေးက ထွက်လာရင် ရုပ်ဆိုးပန်းဆိုး ဖြစ်မှာပေါ့ "
" ဟင် "
" ဟုတ်တယ်၊၊ ကိုယ့်တို့ ကလေးလေး ရုပ်မဆိုးရအောင် အစပ်တွေ မစားနဲ့နော် ဝမ် "
ဝမ်ရိပေါ် က ရှောင်းကျန့် စကားကြောင့် ခေါင်းညိတ်ပြီး သူ့ ဗိုက်လေးပေါ် လက်တင်ထားလိုက်သည်၊၊
" ငါ့ကလေးလေးကို ရုပ်ဆိုးရအောင် မလုပ်ချင်ပါဘူး၊၊ ကျန့် နဲ့ တူတဲ့ ချောချောမောမော လေးပဲ လိုချင်တာ "
" ကိုယ်ကတော့ ဝမ် နဲ့ တူတဲ့ ချစ်စရာကောင်းတဲ့ ကလေးလေးဆို သိပ်ပျော်မိမှာ "
YOU ARE READING
ဧကရာဇ်ရဲ့ မူပိုင်လူ [[ Completed ]]
Fanfictionအစထဲက ကိုယ့်ကို မင်းပိုင်ပြီးသားပါ ကိုယ့်ရဲ့ မူပိုင်သူလေး ZSWWSZD Historical Fanfic Cover by- @Yatitunn