Zawgyi
အပိုင်း(၁၀) သတိရလာပြီ
" ကြင်ယာတော် ကိုယ်ရံတော် ယွီပင်းက တွေ့ခွင့်တောင်းနေပါတယ် "
အထိန်းတော် စကားကြားတာနှင့် ရိပေါ် က မတ်တပ်ရပ်လိုက်ပြီး မျက်နှာကလဲ အပြုံးပန်းလေး ဖြစ်ထွန်းလာသည်၊၊
" ကောင်းပြီ ၊၊ အထဲခေါ်လွှတ်လိုက်ပါ "
" ဟုတ်ကဲ့ ကြင်ယာတော် "
ယွီပင်း က အထဲရောက်လာတာနဲ့ သူဘေးမှာ ဆရာတူအစ်ကို ပါလာသည်၊၊
" ဆရာတူ အစ်ကို "
" ဝမ်ဝမ် "
" ထိုင်ပါ "
မက်မွန်သေရည်ကို ရိပေါ် က ငဲ့ပေး ကာ စကား စမြည်လိုက်သည်၊၊
" ကျွန်တော် စိုးရိမ်နေတာ အစ်ကို လိုက်မှ လိုက်လာပါ့မလားလို့ "
" တိုင်းပြည် ရဲ့ ရာထူးကြီးသူက အခေါ် လွှတ်တာပဲ မလာရင် ရိုင်းရာ ကျမှာပေါ့ "
ဝမ်ရိပေါ် က ဟက်ကနဲ ရယ်မိသွားသည် ၊၊ ဆရာတူ အစ်ကို နဲ့ မတွေ့တာ ကြာပေမဲ့ စိမ်းသက်မနေပါ၊၊
" အစ်ကို လက်ထပ်ပြီးပြီဆို၊ အစ်ကို ဇနီးလဲ မတွေ့ပါလား "
" သူက တည်းခိုဆောင်မှာ နေရစ်ခဲ့တယ် "
" မဟုတ်တာ နန်းတော်မှာ လာနေပါ၊၊ ကျွန်တော် အကူအညီ တောင်းစရာလဲ ရှိလို့ပါ "
" ကောင်းပြီ ၊၊ ရှင်မ သဘောတူရင် ကိုယ်လာနေပါ့မယ် "
" ရှဲ့ရှဲ့ ဆရာတူ အစ်ကို "
" ဧကရာဇ် အခြေအနေ ရော ဘယ်လိုနေလဲ "
ဝမ်ရိပေါ် မျက်နှာလေးက သိသိသာသာ ညိုးငယ်သွားသည်၊၊ မုံလုံက ခေါင်း တညိတ်ညိတ်နှင့်...
" မစိုးရိမ်ပါနဲ့ ဝမ်ဝမ်...၊၊ ရှောင်းတိုင်းပြည်ရဲ့ အချောဆုံး ယောက်ျား ကိုယ်က ကျိန်းသေ ဧကရာဇ် အသက်ကို ကယ်တင်ပေးပါမယ် "
" အစ်ကိုကတော့ သိပ်ကြွားလွန်းနေပြီ "
" ဟားဟား "
နှစ်ယောက်သား ပေါ့ပေါ့ပါးပါး ရယ်မော လိုက်ကြသည်၊၊ မုံလုံကောက အရမ်း ချောတာတော့ မငြင်းပါဘူး၊၊ ဒါပေမဲ့လည်း သူ့အတွက်တော့ သူ့ ယောက်ျား ရှောင်းကျန့် သာ တစ်မျက်နှာ တစ်ကမ္ဘာပါပဲ၊၊
VOCÊ ESTÁ LENDO
ဧကရာဇ်ရဲ့ မူပိုင်လူ [[ Completed ]]
Fanficအစထဲက ကိုယ့်ကို မင်းပိုင်ပြီးသားပါ ကိုယ့်ရဲ့ မူပိုင်သူလေး ZSWWSZD Historical Fanfic Cover by- @Yatitunn