Zawgyiအပိုင်း(၁၁) အချစ်ည
ရှောင်းကျန့် သတိရလာပြီဆို၍ အကုန်ဝမ်းသာနေကြသည်၊၊ ရှောင်းကျန့် အိမ်တော်က လူတွေကပဲ ရှောင်းကျန့် နေမကောင်းတာ သိကြသည်၊၊ နန်းတွင်းက မှူးမတ်တွေကျ ရိပေါ် က လိမ်ထား၍ မသိကြ၊၊ ဒါကလည်း အန္တရာယ်ကင်းဖို့ လှည့်စားလိုက်ရတာပါ၊၊
" ဆန်ပြုတ်ကြီးလား၊၊ မသောက်ချင်ဘူး "
" ရော် မင်းက အခုမှ နေပြန်ကောင်းလာတာလေ၊၊ ဆရာတူ အစ်ကို ပြောသွားတာမကြားဘူးလား၊၊ အရှင်း မပျောက်သေးလို့ အစာမာတွေ မစားရဘူး၊၊ အမြဲ နားနားနေနေ နေရမှာတဲ့၊၊ အဆိပ်မိပြီး သေသွားရင် ကျွန်တော် က ပျော်နေမယ် ထင်နေလား "
ခပ်ဆတ်ဆတ် ဒေါသသံတွေနဲ့ ရိပေါ် က ပြောလိုက်သည်၊၊
" ဝမ် စိတ်မဆိုးပါနဲ့၊၊ စားမယ်နော် အာ ခွံကျွေး အာ "
ပါးစပ်ကြီးဟကာ အတင်းခွံခိုင်းနေတဲ့ ရှောင်းကျန့် က ကလေးဆိုးကြီး၊၊
" ကလေးကျနေတာပဲ "
" ဝမိ အတွက်ဆို ကလေး လဲ ဖြစ်ပေးနိုင်တယ် "
" ဒါဆို မင်း အောက်ကနေပေး "
" ဟာ ဒါတော့ ဘယ်ရမလဲ၊၊ ကိုယ်က အယ်ဖောလ် လေ "
" ဟားဟား ဒါလေး ပြောတာကို ရှုံတွ မနေစမ်းပါနဲ့ "
ရှောင်းကျန့် ရဲ့ မျက်ခွက်က ဘယ်လိုပြောရပါ့၊၊ ရိပေါ် ကတော့ တဟိဟိ သဘောကျနေသည်၊၊
ဖန်ရှင်း ပျင်းပျင်းနှင့် လျှောက်လာရင်း ယွီပင်းဆိုတဲ့ လူကြီးကို မြင်လိုက်သည်၊၊ နည်းနည်း စပ်စုဖို့ သူ့အနား သွားအော်လိုက်သည်၊၊
" ဟေ့လူကြီး "
" အင်း ပြော "
" ဘာထိုင်လုပ်နေတာလဲ "
" ဖင်နာလို့ "
" ဘယ်လို "
ပြူးထွက်လာတဲ့ ဖန်ရှင်း မျက်လုံးတွေ၊၊ ဖင်နာတယ်ဆိုတော့ တော်ရုံ မဟုတ်ဘူးပဲ၊၊ ဧကန္တ ... ဖန်ရှင်း က ခေါင်းကို ဘယ်ညာ ယမ်းခါ လိုက်သည်၊၊ တစ်ဆိတ်ထဲ ဘွတ်ဘွတ်ရှင်းရှင်း ပြောထွက်တဲ့ ဒီလူကြီး ဇတ်ပိုးကို ချချင်နေတော့သည်၊၊
BẠN ĐANG ĐỌC
ဧကရာဇ်ရဲ့ မူပိုင်လူ [[ Completed ]]
Fanfictionအစထဲက ကိုယ့်ကို မင်းပိုင်ပြီးသားပါ ကိုယ့်ရဲ့ မူပိုင်သူလေး ZSWWSZD Historical Fanfic Cover by- @Yatitunn