အပိုင္း(၁၂)

4.3K 430 16
                                    

Unicode

အပိုင်း(၁၂) အနမ်းဦးမှာ

ရှောင်းကျန့် က လုပ်ကြံခံရတာတောင် မသေတော့ တစ်ဖက်က ကောင်က ဒေါသသူပုန်ထနေလေသည်၊၊ တစ်ခါလည်း မဟုတ် သုံးလေးခါ တောင် ရှောင်းကျန့် က အသက်ဘေးက သီသီလေး လွတ်သွားတာ၊၊ အသက်ကိုကံစောင့်၊ ဥစ္စာ ကို ဉာဏ်စောင့် တဲ့၊၊ ရှောင်းကျန့် အသက်ကို ကံတရားက စောက်မပေးနေပုံ အရ မယ်မယ်၏ ကြင်နာမှုတွေကြောင့်လို့ ရှောင်းကျန့် က ကဗျာဆန်ဆန် တွေးလိုက်သည်၊၊

" ဧကရာဇ် ဒဏ်ရာက သွေးတအား ထွက်နေတာပဲ၊၊ ညက တော်တော် လှုပ်ရှား လိုက်ရပုံပဲ "

ဟင် ဆိုပြီး ရှောင်းကျန့် နှုတ်မှ အာမေဍိတ် သံလေး ထွက်သွားသည်၊၊ ယွီမုံလုံက ခပ်ပြုံးပြုံး ၊၊

" မနေ့ညက ကျွန်တော်မျိုး ဆေးလာပေးဖို့ ဖြတ်လျှောက်လာရင်း ဝမ်ဝမ်ရဲ့ အသံတွေ ကြားရလို့ပါ "

" အာ... ကြည့်ရတာ ကျွန်တော် ဇနီးက တော်တော် အသံအောင်တာပဲ "

" ဝမ်ဝမ်သာ သူ့ကို ဇနီးလို့ ခေါ်တာ သိရင် ဧကရာဇ် အဖို့ မလွယ်ဘူးပဲ "

ရှောင်းကျန့် အသံတိတ်သွား၏၊၊

" ရေမထိပါစေနဲ့ ၊၊ ဒဏ်ရာကို ဂရုစိုက်ပေးပါ "

" ကောင်းပြီ "

ရှောင်းကျန့် တို့ ဆေးကုတဲ့အနား ရိပေါ် က စွပ်ပြုတ် ကိုင်လျက် ဝင်လာသည်၊၊

" အခြေအနေ ကောင်းရဲ့လား ဆရာတူ အစ်ကို "

" မစိုးရိမ်ပါနဲ့ ကြင်ယာတော်လေး "

ဆေးပစ္စည်းတွေကို သိမ်းကာ မုံလုံက နှုတ်ဆက်ပြီး ထွက်လာခဲ့သည်၊၊ ဧကရာဇ် ရဲ့ ဝမ်ဝမ်ကို ကြည့်နေတဲ့ အကြည့်က ဘေးက သူ့ပါ ကြက်သီးထလာသည်၊၊ အဆောင်ရောက်မှ မိန်းမ ချက်တဲ့ လက်ရာလေးကို စားချင်လှပါပြီ၊၊

" ဝမ် သမားတော် ယွီ နဲ့ သိတာ ကြာပြီလား "

" အင်း ငယ်ငယ်က ကစားဖော်လေ၊၊ နည်းနည်း ကြီးလာမှ ဝေးသွားတာ၊၊ အခု မင်း အတွက်နဲ့ ဆရာတူ အစ်ကိုက နန်းတော် ရောက်လာတာ "

" ဝမ်ကလည်း စကားပြောတာ ရင့်သီးလိုက်တာ၊၊ ဧကရာဇ် အရှင် စိတ်သောက ရောက်သွားပြီ "

ဧကရာဇ်ရဲ့  မူပိုင်လူ [[ Completed  ]]Opowieści tętniące życiem. Odkryj je teraz