အပိုင်း(၄)

6.1K 603 56
                                    

Unicode

                    အပိုင်း(၄)  ခြင့်တောင်ျးခင်း

နန်းတော်ရောက်တာနဲ့ မြင်းလှည်းကေ ရပ်သွားသည်၊၊ မရပ်မနား ခရီးဆက်ခဲ့ရ၍ ဝမ်ရိပေါ် က အိပ်ပျော်နေပြီ၊၊ပျော့ပျောင်းသော ဝမ်ရိပေါ် ကိုယ်လေးကို ပွေ့ချီလျက်သား ဝေါယာဉ်
ပေါ်က ဆင်းလာလိုက်သည်၊၊

သူ့၏ အိမ်တော် မှာ ဝမ်ရိပေါ် ကို နားစေပြီး သူကတော့ ခမည်းတော်ကို အရင်သွားနှုတ်ဆက်လိုက်သည်၊၊

" ပြန်လာပြီလား အိမ်ရှေ့စံ "

" မှန်လှပါ အရှင် "

ခမည်းတော်က ရေနွေးကြမ်း ခွက်ကို ကိုင်သောက်ရင်း ခပ်ရေးရေး ပြုံးတယ်၊၊ မျက်နှာ ဖြူဖျော့နေတဲ့ ခမည်းတော်ကြောင့် ရှောင်းကျန့် စိုးရိမ်သွားသည်၊၊

" မကျန်းမမာ ဖြစ်နေတာလား ခမည်းတော်၊၊ သမားတော် ခေါ်လိုက်ရမလား "

" နေပါစေ ၊၊ အသက်ကြီးလာလို့ ပင်ပန်းနေရုံပါပဲ၊၊ ကိုယ်တော်ကို မစိုးရိမ်ပါနဲ့ ၊၊ အိမ်ရှေ့စံ သွားနားသင့်ပြီ "

ခမည်းတော် ၏ လော်ကွက်ကြောင့် ရှောင်းကျန့်  အရိုအသေပြုပြီး အခန်းထဲက ထွက်လာခဲ့သည်၊၊ နံဘေးက ယွီပင်းကို အနားကပ်ခိုင်းကာ ခမည်းတော်ကို စောင့်ကြည့်ခိုင်းလိုက်သည်၊၊ မိမိကတော့ အိပ်ဆောင်ကို သွားတော့သည်၊၊ ကြင်ယာတော်လေး နိုးနေရော့ပေါ့၊၊

ရှောင်းကျန့် ရဲ့ ကုတင်မှာ ထိုင်နေတဲ့ ကြင်ယာတော်လေးကြောင့် တွန့်ကနဲ ပြုံးမိသွားသည်၊၊

" နိုးနေပြီလား "

" အင်း ဘယ်ကပြန်လာတာလဲ "

" ခမည်းတော်ကို သွားနှုတ်ဆက်တာပါ ၊၊ ဘာလဲ ကိုယ့်ကို လွမ်းနေတာလား "

" လွမ်းစရာလား "

မျက်နှာလေး ဖျက်ကနဲ ရဲသွားတဲ့ ကောင်လေးကြောင့် ရှောင်းကျန့် လှိုက်လှိုက်လှဲလှဲ ကျေနပ်မိတော့သည်၊၊

" ဝမ်ရိပေါ် က သိပ်သွေးအေးတာပဲ "

" အိုး... အရှင့်သားက ကျွန်တော် ကို လှည့်စား ခဲ့တာပါ၊၊ "

" ဒါကို စိတ်ဆိုးနေတုန်းပဲလား "

" စိတ်ဆိုးတာ မဟုတ်ပါဘူး၊၊  အညာခံရလို့ ဒေါသထွက်တာပါ "

ဧကရာဇ်ရဲ့  မူပိုင်လူ [[ Completed  ]]Opowieści tętniące życiem. Odkryj je teraz