Part 1

3.8K 119 0
                                    

Unicode

ဒုန်း..ဒုန်း..

"သားလေး အသံမထွက်နဲ့နော်..ယန်လီ ကိုစိတ်ချမယ်နော်..သားလေးကို စောင့်ရှောက်ပါနော်.."

"ကိုကြီး"

"ပါးပါး..သားကို မထားခဲ့ပါနဲ့"

ဒုန်း..ဒုန်း..

"ကျန့်ကျန့်လေး..လိမ်လိမ်မာမာနေရမယ်နော်"

ဝုန်း..

"​ရှောင်သခင်ကြီး..တွေ့ရတာ ဝမ်းသာမယ်လို့တော့ မထင်ပါဘူးနော်.."

ဝမ်ချောင်အချက်ပြလိုက်တော့ ဝင်လာတဲ့ ဝတ်စုံနက်နဲ့ လူတွေက သေနတ်ကိုယ်စီဖြင့် ​ရှောင်သခင်ကြီးကို ဝိုင်းထားလိုက်ကြသည်။

"ဝမ်ချောင်..မင်းဒါဘာသဘောလဲ"

"အိုး..ဒါဘာသဘောလဲဆိုတာ အကိုရှောင် အသိဆုံးဖြစ်မှာပေါ့..ဘာလဲ..ပြောပြစရာလိုသေးလို့လား.."

"မင်း..မင်း ဘာလိုချင်တာလဲ"

"ဟား..ကြိုက်တယ်..ကျုပ်လိုချင်တာ ခများရဲ့ ကုမ္မဏီ တခုထဲပါ..ဒါမဲ့ ခများက ပေးဖို့ အရမ်းကို ငြင်းဆန်နေတော့လဲ ခများအသက်ကိုပဲ ယူရတော့မှာပေါ့.."

"ဟား..ဟား..ဟား..ငါသေရင်တောင် မင်းရမယ်ထင်နေလား"

"မထင်ရဲပါဘူး..ဒါနဲ့ ခများမိန်းမနဲ့ ခင်များသားပျောက်နေတယ်နော်..ဘယ်နားမှာသွားဝှက်ထားတာလဲ"

"မင်း သိပ်မလွန်လာနဲ့နော် ဝမ်ချောင်.."

"လွန်တယ်..ဒါကို ခများက လွန်တယ်လို့ ထင်နေတာလား..ကျူပ်ဒီကုမ္မဏီကိုရဖို့ ၂၅ နှစ်တောင် ပင်ပင်ပန်းပန်းနဲ့လုပ်လာခဲ့ရတာကို ခများက အခန့်သားဝင်ယူလို့ရမယ်ထင်လား..အိမ်မက်တောင်မက်မနေနဲ့..ကျုပ် ခများကို လုံးဝမပေးနိုင်ဘူး.."

"ဟား..ဟား..သနားစရာကောင်းလိုက်တာ ဝမ်ချောင်ရယ်..ဟား..ဟား.."

"တောက်..ခများကြီး သေစမ်းကွာ.."

ဒိုင်း..ဒိုင်း..ဒိုင်း..

"ပါးပါး"

"ကိုကြီး"

ယန်လီ ​ရှောင်ကျန့်လေးရဲ့ ပါးစပ်ကို လက်ဖြင့်အုပ်၍ အသံတိတ်ငိုနေမိသည်။

Beautiful RevengeWhere stories live. Discover now