စိတ်ညစ်တိုင်းသွားနေကြမြစ်ကမ်းဘေးလေးမာရပ်ထားတဲ့ဆိုင်ကယ်ပေါ်ကကောင်လေးကတော့မျှော်လင့်ချက်တေနောက်ကိုဆက်မလိုက်ချင်တော့ပုံရတယ်..
"Daddy..ကျနော်လက်လျှော့လိုက်ချင်ပြီ..ကျနော်အရမ်းပင်ပန်းနေပြီ..."
ပါးပြင်ပေါ်မျက်ရည်တစက်စီးဆင်းသွားရင်းအတိတ်ကိုပြန်တွေးကြည့်တော့သူတခါမှdaddyဆီမှာနေရာမရခဲ့ဘူးတာလား...သူ့အသက်၂၀ကေျာ်ပြီခုထိdaddyက ကလေးလို့ထင်နေတုန်းလားကျနော်ကလေးမဟုတ်တာdaddyလဲသိသားနဲ့daddyသာလက်ခံရင်ကျနော်အဲ့မင်္ဂလာပွဲကိုမရရအောင်တားမှာ..Flash back....
"Daddy..."
ညအိပ်ဝမ်းဆက်လေးဝတ်ထားတဲ့ပါးဖောင်းဖောင်းလေးနဲ့ကောင်လေးကတွေ့တဲ့လူတိုင်းအတွက်ချစ်ဖို့ကောင်းနေတာအမှန်ပဲ...
ကုတင်ပေါ်မှာစာဖတ်နေရင်းတံခါးပေါက်လေးမှာမတ်တပ်ရပ်နေတဲ့ရိပေါ်ကိုတွေ့တော့ရှောင်ကျန့်နာရီတချက်ကြည့်လိုက်တယ်...
12:00..
"Happy birthday.. ရိပေါ်..လာပါဦးdaddyရဲ့အူကြူးလေး..."
ပြုံးပြုံးလေးရင်ခွင်ထဲတိုးဝင်လာတဲ့ကောင်လေးကအိမ်စရောက်တုန်းကပေါက်စလေးလိုချစ်ဖို့ကောင်းနေတုန်း..
18နှစ်ဆိုတဲ့အရွယ်တစ်ခုရောက်လာတော့ဒီကလေးကတမျိုးလေးချောလာပြန်တယ်...
"ဖွားနဲ့မားကိုလွမ်းလိုက်တာ.."
"ကလေးရဲ့မားနဲ့ဖွားကခုလောက်ဆိုကောင်းကင်မှာပျော်နေလောက်ပြီ...ကဲပြောပါဦးမွေးနေ့လက်ဆောင်ဘာလိုချင်လဲ..."
ပါးလေးဖောင်းခေါင်းလေးစောင်းပြီးစဥ်းစားနေတဲ့ပုံကထုလိုက်ချင်စရာအူးယားလိုက်တာ...
"ဆိုင်ကယ် လိုချင်တာdaddy..သားဆိုင်ကယ်စီးချင်လို့.."
"မရပါဘူးကွာ..အန္တရာယ်များတယ်တခြားဟာတောင်း.."
"ဟင့်အင်း..သားဆိုင်ကယ်ပဲလိုချင်တာ.."
"အခုမှ၁၈နှစ်ပြည့်တာနော်မင်းdaddyကိုကလန်ကဆန်လုပ်ချင်နေပြီလား.."
ဆူပုတ်နေတဲ့မျက်နာလေးကပြိုတော့မဲ့မိုးလိုပဲ....
"အခုမှ၁၈ပြည့်လို့ပေါ့ဝယ်ထားပြီးသင်ထားတော့မြန်မြန်စီးတတ်သွားတာပေါ့..သားလိမ္မာပါ့မယ်daddy ဝယ်ပေးနော်.."
တကယ်ကိုလိုချင်နေတဲ့ပုံပေါက်ပေမဲ့အန္တရာယ်များတာမို့ရှောင်ကျန့်မဝယ်ပေးချင်သူတောင်းသမျှမွေးနေ့လက်ဆောင်တခုမကျန်ဝယ်ပေးခဲ့ပေမဲ့ဒါကတော့အခက်မသင့်ရင်ဒီကလေးကိုသူ့ဘဝထဲကနေဆွဲထုတ်သွားနိုင်တယ်...
"Daddyကိုဂျစ်မတိုက်နဲ့ရိပေါ်.. စဥ်းစားပေးမယ်အခုတော့မဝယ်ပေးနိုင်ဘူး.."
"ဟင့်..သား.သားကလိုချင်တာကိုလို့...."
"အိပ်တော့ကလေး..daddyစဥ်းစားပေးမယ်ပြောပြီးပြီလေဒီနေ့daddyနဲ့အိပ်မှာမလားလာအိပ်လိုက်တော့မနက်ဖန်မင်းနဲ့မိတ်ဆက်ပေးရမဲ့သူရှိတယ်..."
YOU ARE READING
Let it go(Completed)
Romanceကျနော့်ကိုထပ်ပြီးအဝေးကိုတွန်းမပို့ပါနဲ့တော့daddy...အရမ်းကိုပင်ပန်းနေပါပြီ..ကျနော်ပြိုလဲချင်နေပြီ... Wang Yibo