Final.

2.8K 120 1
                                    

ကံဆိုးမှုတွေကြားမှာခင်ဗျားပင်းပန်းပြီးကျနော့်ကိုထားခဲ့မှာအကြောက်ဆုံးပဲ......
ကျေးဇူးပြုပြီးကျနော့်လက်ကိုတော့မလွှတ်လိုက်ပါနဲ့....

နယ်ဘက်ကိုရိပေါ်ရိုက်ကူးရေးသွားနေလို့ရှောင်ကျန့်ကတော့အလွမ်းဖြေရင်းအလုပ်တွေပဲဖိလုပ်နေတယ်...
နယ်ပယ်အသီးသီးမှာအောင်မြင်နေတဲ့သူ့ကောင်လေးကအရင်ကထက်အလုပ်တွေပိုများလာတော့သူနဲ့တောင်မနဲတွေ့ဖို့ညှိနေရတဲ့အဖြစ်....သိပ်ချစ်လွန်းတဲ့ကလေးကတော့ဘယ်လောက်​ပင်ပန်းနေပါစေအိမ်ကိုအရောက်ပြန်လာပြီးသူ့ကိုချွဲလို့ကောင်းနေတုန်းပါပဲ....

"Hello.."

"Hello..ကလေးနယ်ကိုရိုက်ကူးရေးထွက်သွားတယ်ဆို..."
ရိပေါ်စိတ်ထဲကပြစ်ပြစ်နှစ်နှစ်ဆဲချလိုက်သည်...ကျိုးလင်ဆိုတဲ့လူကြီဲးဲကသူ့အောက်ကိုဆွဲသွင်းချင်နေတာ....ရိပေါ်တို့ကဒါမျိုးဆိုအားရပါးရပြောပလိုက်ချင်တာ...

"ဒီမှာကလေးလို့မခေါ်နဲ့လို့ပြောထားတယ်မလား...ပြီးတော့ကျနော့်ကိုအောက်ထပ်ပို့ဖို့စဥ်းစားမနေနဲ့ကျနော်ကtop..."

"ခံစားလို့ကောင်းလား..."

"ဘာတွေပြောနေတာလဲ..."

"​ ရှောင်ကျန့်ကခံစားလို့ကောင်းလား.."

"ဘာ ခင်ဗျားမိုက်ရိုင်းလှချည်လား..စောက်စကားကိုကြည့်ပြောနော်....."

ရှောင်ကျန့်ကိုမထီမဲ့မြင်ပြောလာတဲ့ထိုလူကိုအနားမှာသာရှိရင်စုတ်ပြတ်သတ်အောင်ထိုးပြီးနေပြီ....

"ဘာတွေဒီလောက်ဒေါသထွက်နေတာလဲကလေးရဲ့...ကိုကအကောင်းမေးတာပါ...ကိုကမင်းလေးအတွက်လက်ဆောင်ပြင်ထားတယ်....phချလိုက်တော့မယ်အကူညီလိုရင်ဆက်သွယ်လိုက်နော်...."

"ဟေ့လူ.. ခင်ဗျား...တောက်!!"

ရိပေါ်မျက်မှောင်ကျုံပြီးလက်ဆောင်ဆိုတာကိုစဥ်းစားလိုက်တယ်....အချိန်ကိုက်ဝင်လာတဲ့phကိုကြည့်လိုက်တော့မန်နေဂျာဆီကဖြစ်နေတယ်.....
မန်နေဂျာရဲ့စကားဆုံးတော့ရိပေါ်phကိုအမြန်ဖွင့်ကြည့်လိုက်တယ်...သွေးကြောတွေထောင်လာတဲ့အထိအံကိုကြိတ်ပြစ်လိုက်တယ်....

Let it go(Completed)Where stories live. Discover now