အားလုံးကိုရင်ဆိုင်ရဲ့တဲ့သတ္တိကကျနော့်မှာအမြဲရှိနေတာမို့ခင်ဗျားကအနားမှာပဲရှိနေပေး...
"ကျစ်..ခေါင်းကိုက်လိုက်တာ.."
"Daddyဒီမှာပျားရည်ဖျော်လာတယ်သောက်လိုက်နော်..
ခေါင်းကိုက်နေလား.."ပျားရည်ခွက်ကိုလှမ်းယူရင်းရှောင်ကျန့်ညကအဖြစ်ကိုတွေးမိလိုက်တယ်...သူဒီကလေးအပေါ်ခံစားချက်မရှိအောင်အကြာကြီးကြိုးစားပြီးနေခဲ့ရတာ ညက ကိစ္စကြောင့်နဲ့ရိပေါ်ရဲ့အနာဂတ်ကိုမဖျက်စီးလိုက်ချင်ဘူး
"ရိပေါ်.. ည.ညကလေ.."
"သိတယ်..daddy. ချစ်သူကြောင့်ခံစားနေရတာနဲ့ကျနော့်ကိုရောထွေးသွားတာ..အဲ့အကြောင်းကိုသိတာမလို့ထပ်မပြောပါနဲ့တော့ကျနော်ရင်တွေနာနေပြီ.."
"မဟုတ်ဘူးdaddyသူ့ကိုချစ်ခဲ့တယ်ထင်ပေမဲ့သူကို့ခင်မင်ရင်းနှီးတဲ့သူတွေထက်မပိုခဲ့ဘူး..အဲ့တာကြောင့်မနေ့ကအသည်းကွဲတာတွေဘာတွေလဲမဖစ်ဘူး..."
ရိပေါ်ကတော့တိတ်တိတ်လေးပဲနားေထာင်နေတယ်
ရွဲ့လဲမရွဲ့နိုင်တော့ဘူးသူ့ရဲ့ခံစားချက်တွေကဒီလူရဲ့စကားလေးတခွန်းနဲ့ပဲမထိန်းချုပ်နိုင်ဖြစ်နေရတာ.."ညကပြောတာအမှန်တွေပါ..ဒါပေမဲ့စိတ်မပူနဲ့daddyကလေမင်းဘဝလေးဒုက္ခရောက်အောင်ဘယ်တော့မှမလုပ်ဘူး..မင်းတက်လမ်းတွေကိုမပိတ်ဘူး..မင်းအခက်တွေ့ရအောင်ဘယ်တော့မှမလုပ်ဘူး.."
ဒီတခါတော့ရိပေါ်ခေါင်းလေးထောင်ကြည့်လာတယ်...မချစ်တော့ဘူးလို့ဆုံးဖြတ်ပြီးခါမှခင်ဗျားစကားတွေကမျှော်လင့်ချက်တွေဖစ်အောင်လုပ်ပြန်တယ်...
"တက်လမ်းတွေပိတ်သွားရင်တောင်ရတာမို့လို့ကျနော့်ကိုပစ်မထားပါနဲ့..အခုမချစ်သေးလဲခံစားချက်တွေရှိနေရင်နောက်ချစ်လာနိုင်တာပဲလေ...ကျနော်daddyကိုလိုအပ်တယ်...ကျနော်ကရောအခုလိုနေချင်နေတယ်များထင်နေတာလား.."
"ဟင့်အင်းရိပေါ်daddyတို့နှစ်ယောက်လုံးအတွက်အခက်တွေ့စေမဲ့ကိစ္စတွေမဖန်တီးတာကောင်းတယ်..."
"ကျနော်မချစ်တော့ဘူးလို့ဆုံးဖြတ်ခဲ့တာ..ထပ်ပြီးနာကျင်ရမှာကိုကြောက်လွန်းလို့အဝေးကိုတောင်ထွက်သွားဖို့တွေးခဲ့သေးတယ်...ဒါပေမဲ့လေဒီတခါကျနော့်ကိုယ်ကျနော်နောက်ဆုံးအခွင့်အရေးပေးတဲ့သဘောပါ..ဘာဖစ်ဖစ်daddyရှေ့မာကျနော်ကမားမားမတ်မတ်ရပ်တည်ပေးမှာမို့လို့..ကျနော့်ကိုဖမ်းဆွဲထားပေးပါ.."
YOU ARE READING
Let it go(Completed)
Romanceကျနော့်ကိုထပ်ပြီးအဝေးကိုတွန်းမပို့ပါနဲ့တော့daddy...အရမ်းကိုပင်ပန်းနေပါပြီ..ကျနော်ပြိုလဲချင်နေပြီ... Wang Yibo