Chapter..8

2K 110 1
                                    

မနက်ဖန်ဆိုရိပေါ်နဲ့ရှောင်ကျန့်တွဲတာ၆လပြည့်တဲ့နေ့.anniတိုင်းမှာရိပေါ်ကသူ့ကိုအမှတ်တရတွေအမျိုးမျိုးဖန်တီးပေးတယ်....သူကလဲရိပေါ့်ကိုလက်ဆောင်လေးတွေပြင်ပေးထားလေ့ရှိတယ်...

"Daddy..ကျနော်ရိုက်ကူး​​ရေးရှိလို့မနက်ဖန်ခရီးသွားရမယ်..တပတ်လောက်တော့ကြာမယ်ထင်တယ်.."

"ဟင်.."

Anniနေ့တွေဆိုအလုပ်ပါဖျက်ပြီးအနားမှာနေပေးတတ်တဲ့ကောင်လေးကဒီတခါတော့anniမှန်းတောင်မေ့နေပုံအေးဆေးပြောနေတော့ရှောင်ကျမ့်ခဗျာမခံချိမခံသာ...

မင်းမမှတ်မိဘူးလားလို့မေးလိုက်ချင်ပေမဲ့သူအောက်တယ်လို့ခံစားနေရတာကြောင့်မမေးဖစ်တော့.....

"ရိပေါ်မင်း...မင်း.."
"ပြောလေကျနော်ဘာဖစ်လဲ..."

"ဘာမှမဟုတ်တော့ဘူး..ပစ္စည်းတေသေချာစစ်ပြီးထည့်ငါအရင်အိပ်နှင့်ပြီ.."

"ခဏစောင့်လေ..မနက်အစောကြီးထသွားရမှာကျနော်နဲ့စကားလေးဘာလေးပြောပါဦးအချစ်ရဲ့..."

တကယ်ကြီးမမှတ်မိတဲ့ရိပေါ်ကိုရှောင်ကျန့်ကြည့်လို့မရတော့တာကြောင့်ကျောပေးပြီးသာအိပ်လိုက်သည်...ခဏကြာတော့နောက်ကျောဘက်ကနေရိပေါ်ကသိုင်းဖက်လာတဲ့အပြင်နှာခေါင်းကိုလဲလည်းပင်းကြားထဲနှစ်ပြီးပွတ်ဆွဲနေသေးသည်...

"ရိပေါ်ဖယ်စမ်းကွာ..ငါအိပ်ချင်ပြီ.."

"Daddyကလဲကျနော်ကdaddyရဲ့ကိုယ်ငွေ့လေးကိုခံနေတာလေ..တပတ်လောက်ကြာမှာပါဆိုဗျာ..မအိပ်နဲ့မရဘူး.."

"အိုက်ယား..ရိပေါ်ဖယ်စမ်း..ဟ ယားတယ်လေမလုပ်..ဟား.ဟား ဝမ်ရိပေါ်.."

"ချစ်လား.."

"အင်းdaddy မင်းကိုအရမ်းချစ်တာပဲရိပေါ်...အရင်ကကိုလုပ်ခဲ့တဲ့ကိစ္စတွေအတွက်မင်းကိုတောင်းပန်ပါတယ်ကွာ..."

"အဲ့တာတွေမပြောပါနဲ့တော့​နောက်ပိုင်းကျနော့်အနားမှာ​အမြဲတမ်းရှိနေပေးပါ..."

ရှောင်ကျန့်ရိပေါ်ရဲ့ရင်ခွင်ထဲတိုးဝင်ပစ်လိုက်တယ်သူ့ထက်အသက်ငယ်ပေမဲ့ဒီကောင်လေးရင်ခွင်ကဘယ်အချိန်မဆိုသူ့ကိုလုံခြုံမှုပေးတယ်....
ရိပေါ်ကရှောင်ကျန့်ရဲ့ဆံပင်လေးတွေကိုသပ်တင်ပေးရင်းဖွဖွလေးနမ်းတယ်...
ရှောင်ကျန့်ကသူ့အတွက်အရာရာပဲ...ရှောင်ကျန့်ကသူ့အပိုင် သူကလဲရှောင်ကျန့်တယောက်တည်းကိုပဲသူ့ကိုသူအပိုင်ပေးမယ်..
...............................

Let it go(Completed)Where stories live. Discover now