အချစ်မှာအကြောင်းပြချက်မရှိဘူး...
ပြိုင်ပွဲနီးလာပြီမို့လို့အရင်ပွဲစဥ်အဟောင်းတွေကိုရိေပါ်ပြန်လေ့လာနေတယ်...ဆိုင်ကယ်ပြိုင်ပွဲတွေကိုအန္တရာယ်များလို့daddyကမကြိုက်ပေမဲ့ကျနော်ဝါသာသနာပါရာလေးကိုတော့လုပ်ချင်တာကြောင့်ပြိုင်ဖို့ပဲဆုံးဖြတ်လိုက်အချိန်တွေအကြာကြီးdaddyသဘောတိုင်းနေခဲ့တာပဲဒါလေးကတော့ကျနော့်စိတ်ထွက်ပေါက်လေးပါ....
ရှောင်ကျန့်လဲနေမကောင်းတာကြောင့်ရိပေါ်ဒီနေ့တော့အပြင်သွားဖို့စိတ်ကူးမရှိတာနဲ့အတူတူဧည့်ခန်းထဲမှာပြိုင်ပွဲအတွက်ပဲစိတ်နှစ်ထားလိုက်တယ်.."အို..ရိပေါ်ဒီနေ့အပြင်မသွားဘူးလားအရင်ကတို့လာတဲ့နေ့ဆိုမင်းကိုမတွေ့တာများတယ်..."
Roseကတော့အိမ်ကိုလာနေကျတိုင်းလာနေဆဲပါပဲသူနဲ့စကားအကြာကြီးမပြောချင်တာကြောင့်ရိပေါ်အင်းတစ်လုံးပဲပြန်ဖြေလိုက်တယ်..."မောင်နေမကောင်းဘူးဆိုလို့လေ..တို့နေမကောင်းတုန်းကလဲသူကအရမ်းဂရုစိုက်တာ..ခုမောင်နေမကောင်းတော့ပစ်မထားနိုင်ပါဘူးလာကြည့်ရတယ်..."
မမေးပဲနဲ့မမောနိုင်မပန်းနိုင်ဖြေသွားတဲ့သူကိုရိပေါ် ပြန်မပြောနေတော့...ရုတ်တရက်သိချင်ဇောကပ်သွားတာကdaddyရဲ့အချစ်ခံရတဲ့သူကဘယ်လိုများခံစားရမလဲ...ကျနော်ကအချစ်မခံရပေမဲ့daddyကသူ့ကိုဘယ်လိုချစ်တာလဲသိချင်မိတယ်....
"Daddyကအန်တီ့ကိုသိပ်ချစ်တာပဲလား..."
ဘယ်တုန်းထဲကပြောချင်နေမှန်းမသိတဲ့roseကသူ့ရှေ့မှာလာထိုင်းရင်းအားရဝမ်းသာဖောက်သည်ချတော့တယ်..."မောင်ကလေတို့ကိုအရမ်းချစ်တာအရမ်းလဲတန်ဖိုးထားတာခုချိန်ထိလက်ကိုင်တာနဲ့ပါးကိုနမ်းတာကလွဲရင်ဘာမှအဆင့်မတက်ဘူး..."
"ဟင်..ခင်ဗျားတို့ကမှား.."
"ဘာမှားတာလဲရိပေါ်..."
ဟက်..လိမ်ပြီးရင်းကိုအလိမ်ခံနေရတော့တာပါပဲအဝေးကိုတွန်းထုတ်ဖို့လဲအကြံရှိသလိုအနားမကပ်နိုင်အောင်လဲအကြံထုတ်ထားတာသိပ်ကိုတော်လွန်းပါတယ်daddy...
"ဝမ်ရိပေါ်..မင်းroseကိုဘာတွေပြောနေတာလဲ..."
အသံမာမာနဲ့ပြောနေပုံရရင်တော့မနေ့ကနေမကောင်းတာတွေပျောက်ပြီထင်ပါရဲ့....ကျနော်ကသူ့ကောင်မလေးကိုအနိုင်ကျင့်နေတာကျနေတာပဲ...awwတရားပါတယ်...
YOU ARE READING
Let it go(Completed)
Romanceကျနော့်ကိုထပ်ပြီးအဝေးကိုတွန်းမပို့ပါနဲ့တော့daddy...အရမ်းကိုပင်ပန်းနေပါပြီ..ကျနော်ပြိုလဲချင်နေပြီ... Wang Yibo