My Soulmate. [3]

443 51 5
                                    

ဘယ်သူပေးမှန်းမသိတဲ့ ဆေးထုပ်လေးဟာ သူ့အတွက်အတော်လေးအသုံးဝင်ခဲ့ပါတယ်.

ဒဏ်ရာတွေကို မားမသိအောင် ဖုံးဖိပြီးတဲ့နောက်မှာတော့ ညစာအတွက်ပြင်ဆင်ရတော့တယ်..
ရှောင်ကျန့်ကော မားကောက
အပြင်စာ မစားတတ်တာ ကြောင့် ကိုယ်ချက်ကိုယ်စားစနစ်ကျင့်သုံးကြရတယ်..
မားက ဆိုင်တစ်ဖက်နဲ့အလုပ်ရှုပ်နေတာ​ကြောင့် ညစာပြင်ဆင်ဖို့က သူ့တာဝန်ပေ...
ညစာအတွက်
နွားနို့တစ်ခွက်နဲ့ ကြက်ဥလိပ်ကြော်ပြီး မားပြန်အလာကိုစောင့်နေလိုက်တော့တယ်...
ညဘက်တွေ အိမ်မက်မမက်ပဲ ကောင်းကောင်းအိပ်ပျော်ဖို့ ဆိုပြီး မားကညတိုင်းသူ့ကိုနွားနို့တစ်ခွက်သောက်ခိုင်းနေကြ...
အဲ့နွားနို့ကလဲ သူ့မက်နေတဲ့အိမ်မက်ကိုမဟန့်တားနိုင်..

"သားလေးရယ် နွားနို့ကိုမား ကိုယ်တိုင်ဖျော်ပေးမှာပေါ့..
ဘာလို့ကိုယ်တိုင်ဖျော်နေရတာလဲ.."

"ရပါတယ်မားရယ်
အလုပ်ကပြန်လာတော့ မားပင်ပန်းနေမှာပေါ့..
ညစာကိုမားနဲ့အတူတူစားဖို့ သားစောင့်နေတာ.."

မားနဲ့ညစာစားပြီးတဲ့နောက် သူလဲအိပ်ရာစောစောဝင်ခဲ့တယ်..
အဲ့နေ့က ထူးခြားစွာ အိမ်မက်တွေမမက်ခဲ့....

အိပ်လို့ကောင်းနေတုန်း မနက်စောစောကြားလိုက်ရတဲ့ ဘဲလ်သံကြောင့် စိတ်ကထောင်းခနဲတိုမိတယ်.
ပင်ပင်ပန်းပန်းအိပ်နေတဲ့မား အနှောက်အယှက်ဖြစ်ပြီး နိုးမှာစိုးတာကြောင့် သူပဲထကြည့်လိုက်တော့တယ်..
အရင်ကဆို မားကသူမနှိုးခင် မနက်စာပြင်ဆင်ပေးနေကြပါ..
အထည်ဆိုင် လေးကိုယ်ပိုင်ဖြစ်သွားပြီးတဲ့နောက်ပိုင်း မားလဲ အလုပ်ပင်ပန်းလို့ထင်တယ်မနက်စာ ထမပြင်ပေးတာကြာပေါ့..
မားက သူ့ကို ဝမ်ချောင်က မနက်စာဝယ်ကျွေးနေတယ်လို့ထင်တာကြောင့်လဲဖြစ်နိုင်တယ်..

ရှောင်ကျန့်ခြံတံခါးဖွင့်ကြည့်တော့ အပြင်မှာတွေ့လိုက်ရတာက ပေါက်စီပူပူလေးတွေထည့်ထားတဲ့အိတ်တစ်လုံး..

သူ့အတွက်လို့ရေးမထားပေမဲ့ သူ့ခြံရှေ့မှာချိတ်ထားတာမို့ သူစားလို့ရတယ်မလား..

"သြော် ဟုတ်ကဲ့ပါ သခင်.."သူအထဲပြန်ဝင်လာတော့ မားက ဘယ်သူနဲ့စကားပြောနေတယ်မသိ.. မမြင်ရတာတောင်မှ ရိုကျိုးစွာ ဖုန်းပြောနေလေရဲ့...
မားရဲ့ကိုယ်ရေးကိုယ်တာဆိုတော့ သူ ဝင်မစွက်မိ..
သူသိသင့်တဲ့ကိစ္စဆို မားကသူ့ကိုပြောပြမှာပဲလေ..

My Soulmate. Where stories live. Discover now