အသက် 20 ကျော်နေပြီဖြစ်တဲ့ရှောင်ကျန့်က မြို့ထဲကနေရာတွေနဲ့ စိမ်းသက်နေခဲ့တယ်လို့ပြောရင် ယုံနိုင်ပါ့မလား..(ကျောင်းတက်တဲ့အရွယ်ဆိုတော့ ကောအသက်ကို 20 ကျော်ပဲ ထားလိုက်မယ်နော်😁😁)
ကျောင်းနဲ့အိမ်ပဲ ကူးလိုက်သန်းလိုက်လုပ်နေတာမို့ မြို့ထဲကနေရာတော်တော်များများကို သူမရောက်ဖူးပါ..
သူကျွမ်းကျင်စွာသွားလာတတ်တာဆိုလို့ အိမ်ကနေကျောင်း သွားတဲ့ လမ်းကိုပဲ သွားတတ်ပါတယ်..ပြင်ပရှုခင်းတွေကို မကြည့်ပဲ အိမ်ထဲမှာနေပြီး ဆွဲတဲ့ပန်းချီက အခြားသူတွေထက်သာပြီး ကျောင်းပေါင်းစုံပြိုင်ပွဲမှာ ပြိုင်ခွင့်ရခဲ့တာက ရှောင်ကျန့်လေး တော်လွန်းလို့ပဲ
မဟုတ်ဘူးလား..
အဲ့ပြိုင်ပွဲတုန်းက ဆုမရခဲ့ပေမဲ့လို့ပေါ့...ဒီနေ့ ဆရာမက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပန်းချီ သင်တန်းသားတွေစုပြီး ပြိုင်ပွဲကျင်းပမယ်လို့ကြားတော့ သူ့ကို ဝင်ပြိုင်ခိုင်းတော့တာပါပဲ..
သူလဲ အရင်က မရခဲ့တဲ့ဆုအတွက် မကျေ ပွဲလေးနွှဲလိုက်ချင်ပါသေးတယ်..
ဒါပေမဲ့ ဒီတစ်ခါတော့ အိမ်မှာမဆွဲတော့ပဲ သဘာဝရှုခင်းအလှတွေပြည့်နေတဲ့ တိတ်ဆိတ်တဲ့နေရာလေးမှာ သွားပြီး ဆွဲလိုက်ချင်ပါရဲ့,. ."ရှောင်ကျန့် ပန်းချီပြိုင်ပွဲဝင်ပြိုင်မှာလား.."သူ့ရှေ့မှာလာရပ်တဲ့ ဆိုင်ကယ်သံနောက် စကားပြောသံကပါတစ်ဆက်ထဲပါလာလေရဲ့...
စလာထဲက မထော်မနန်းတွေ...
သူ့ကို လေးစားသမှုနဲ့မခေါ်သရွေ့ အဲ့ကောင်ကို အမြင်ကြည်လိုက်မယ်မထင်နဲ့..
ရိုင်းစိုင်းတဲ့လူသားကို မပေါင်းချင်ပေမဲ့လဲ အကူညီတောင်းစရာက သူတစ်ယောက်ပဲရှိတာမလား..
လူကိုပေါင်းမယ် မူကို မပေါင်းဘူး..
အဲ့ကောင် အရိုင်းဓာတ်တွေ သူ့ဆီကူးစက်မခံနိုင်ပါ.."ပြိုင်မှာ ဒီတစ်ခါ ငါ့စိတ်ကူးထဲက အရာကို သေချာပုံဖော်ချင်တယ်...
တိတ်ဆိတ်တဲ့နေရာလေးမှာ ငြိမ်ငြိမ်လေးထိုင်ပြီး ခံစားမှုအပြည့်နဲ့ ဆွဲလိုက်ရရင် ဒီဆုက ငါ့အတွက်ပဲ""အင်း ကောင်းပါတယ်..
တက်လေ အိမ်လိုက်ပို့ပေးမယ်.. "သူ့ကို အကူညီလိုရင်ပြောနော် ဘာညာဆိုပြီး ဒင်းပြောတာကိုကြားချင်တာလေ..
ဒါပေမဲ့ မသိကျိုးနွံ ပြုပြီး ရှောင်ကျန့်ကို အိမ်လိုက်ပို့ဖို့ပဲ တာစူနေလေရဲ့

YOU ARE READING
My Soulmate.
Fanfictionကောင်လေးတစ်ယောက်က ညတိုင်းအိမ်မက်ထဲမှာ ကောင်လေးတစ်ယောက်ကိုအမြဲတွေ့နေရတယ်.. အဲ့ကောင်လေးက လူသားမဟုတ်တဲ့ .......😍😍