My Soulmate. [5]

394 45 5
                                    

မနက် 5နာရီခွဲဆိုတဲ့အချိန်က စန္ဒာလမင်းက သူ့တာဝန်ထမ်းဆောင်ပြီးလို့ အသူရာနေမင်းကို ​ကမ္ဘာမြေကြီးအတွက်ဆက်လက်တာဝန်ထမ်းဆောင်ပေးရန်
လွှဲပြောင်းပေးဖို့လုံလောက်တဲ့အချိန်ပါပဲ..

လေပြေညှင်းလေးက ညှင်းသွဲ့သွဲ့လေးတိုက်ခတ်လို့...
ဂျာကင်ထူထူဝတ်ထားတဲ့သူတောင် ဒီလောက်အေးနေရင် အသားအရည်ကို အင်္ကျီတစ်ထပ်ထဲ နဲ့အကာအကွယ်ယူထားရတဲ့ အူကြောင်ကြားလေးက ပိုအေးနေတော့မှာ..

ဆိုင်ကယ်ရပ်လိုက်တာမို့ ဟိုကောင်လေး
ရှေ့မှာ တင်ထားတဲ့ ပန်းချီ stand ကိုယူမယ်ပြင်တော့ သူက ယူပြီးရှေ့ကထွက်သွားလေရဲ့..
ကင်းဗတ်နဲ့ ဆေးတွေ စုတ်တံတွေကို အိတ်နဲ့ထည့်ပြီးရှောင်ကျန့် ကျောမှာလွယ်ခဲ့တာမို့ သူကူယူဖို့ပြင်နေပေမဲ့ မပေးဖြစ်တော့ပါ
ဒီလောက် လေးတော့​ရှောင်ကျန့်
သယ်နိုင်နေတာပဲလေ..
အခုလိုလိုက်ပို့ပေးတာကိုပဲ ကျေးဇူးတင်နေပါပြီ..

မြက်ခင်းစိမ်းစိမ်းလေးပေါ်မှာနေရာယူလို့ တောင်စွယ်မှာနေမင်းကြီးထွက်ပေါ်လာတဲ့သဘာဝအလှကို အပြည့်အဝခံစားရင်း canvas ပေါ်မှာ စုတ်ချက်လေးတွေကပြောင်မြောက်စွာထွက်ပေါ်လာလေရဲ့...
စျာန်ဝင်နေရင်းနဲ့မှ တိမ်စိုင်တိမ်ခဲတွေကြားထဲကနေ လူသဏ္ဍန် ရုပ်လုံးတွေတစ်ဖြေးဖြေးပေါ်လာတာကြောင့် အာရုံစူးစိုက်ကြည့်မိနေတုန်း...
မြင်လိုက်ရတဲ့မြင်ကွင်းက ညကသူမက်တဲ့အိမ်မက်နဲ့ကွက်တိ..
လူသားသဏ္ဍန်တိမ်ဖြူလေးက လူသဏ္ဍန် တိမ်မည်းပေါ်မှာ ထပ်လျှက်သားလေး...
ငါလဲ မနက်စောစောကို တဏှာမီးကတောက်လောက်နေပြန်ပါပြီ..
ကောင်းကင်ကြည့်ပြီး ပေါက်ပေါက်ရှာရှာအတွေးဝင်ရတယ်လို​့..
မနက်ဖြန်တဏှာအပူမီးငြိမ်းအောင် ဘုံကျောင်းသွားပြီး တုံးခေါက်အုံးမှပါ..
မားခွင့်အပြင်ထွက်ခွင့်မပေးတာနဲ့ ဘုံကျောင်းသွားပြီး ဘုရားတရားမလုပ်တာအတော်ကြာတာကြောင့်လဲပါမယ်..
သူ အပူမီးကြီးလာတာက...

တစ်စုံတစ်ယောက်ကတော့ ပန်းချီဆွဲနေတဲ့ကောင်လေးရဲ့ဝါတစ်ခါ နီတစ်လှည့်ဖြစ်သွားတဲ့ အမူအရာလေးကို မျက်တောင်မခတ်တမ်း ငေးကြည့်နေလေရဲ့..
အဲ့လို မျက်နှာ အပြောင်းအလဲဖြစ်အောင် သူလုပ်ထားတာပဲလေ...

My Soulmate. Where stories live. Discover now