My Soulmate. [9]

491 48 8
                                    

တစ်ယောက်နဲ့တစ်ယောက်နှုတ်ခမ်းချင်းထိတာက နမ်းတာဆိုရင် သူတို့ နှစ်ခါတောင်နမ်းဖူးတယ်ပြောရမယ်...
ရှောင်ကျန့်တစ်သက်နဲ့တစ်ကိုယ် နှုတ်ခမ်းချင်းထိဖူးတာဆိုလို့ အဲ့ကောင်လေးတစ်ယောက်ပဲရှိတယ်..
အနေခက်တာမျိုးလဲမရှိ..
နမ်းနေကျမို့ အသားကျနေသလိုပင်...

ရိပေါ်က ရှောင်ကျန့်ဆင်ပေးတဲ့ အင်္ကျီအပြာနုလေးနဲ့ ဂျင်းပြာလေးဝတ်ထားတာက So smart.
ချောတယ်လို့သုံးလို့မရတာက သူ့သွားကြီးကဖျက်နေလို့...

"သွားကြမယ်လေ ရှောင်ကျန့်..."

"အင်း လူစုလူဝေးရှိတဲ့​နေရာမသွားချင်ဘူး..
မားနဲ့သိတဲ့လူတွေနဲ့တွေ့ရင် ငါ့ကိုအပြင်ထွက်တယ်ဆိုပြီး မားဆူလိမ့်မယ်..."

"အင်း."

ရိပေါ်ဆိုင်ကယ်ရဲ့ဦးတည်ရာက အရင်တစ်ခါ ရှောင်ကျန့်ကိုပန်းချီဆွဲဖို့ ခေါ်သွားခဲ့တဲ့နေရာ..
နေ့လဲနေ့မလို့ ညလဲညမလို့ အင်မတန်လှပပါသော...

"ရိပေါ် မင်းကဒီနေရာကို ဘယ်လိုရှာတွေ့တာလဲ.."

"ဒါငါပိုင်တဲ့နေရာပဲ..."

*ဒီကောင်တော့ ကြောင်ရုံတင်မဟုတ်တော့ဘူး ဂေါက်နေပြီလားမသိ..
တောနဲ့တောင် သဘာဝအလှတွေကို သူပိုင်ကြောင်းပြောနေတာ..*အပြိုင်ငြင်းနေရင် နောက်တစ်ခုခုဆို အကူအညီတောင်းလို့မရပဲနေမှာစိုးတာကြောင့် ခေါင်းလေးပဲအသာညိမ့်ပြလိုက်ရတော့တယ်..

အရင်က တောင်အောက်မှာပဲ ပန်းချီကို အချိန်မှီအောင်ဆွဲနေတာကြောင့် တောင်ပေါ်ကိုမတက်ဖြစ်..
အခုမှ တောင်စတက်တာမို့ အခက်အခဲရှိမယ်ထင်ခဲ့ပေမဲ့ လှေကားသဖွယ်တောင်တက်လမ်းလေးကို ပြုလုပ်ထားတာကြောင့် အထင်နဲ့အမြင်ကတက်တက်စင်အောင်လွဲတယ်။

ဘေးနှစ်ဖက်မှာ အလေ့ကျပေါက်ရောက်နေတဲ့တောပန်းလေးတွေက ဝေဝေဆာဆာ..
လပြည့်ညမို့ အလင်းရောင်ကောင်းစွာရကာ ​ပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်..

တန်ဖိုးရှိလှတဲ့ သဘာဝအလှအပတွေကိုကြည့်ပြီး မျက်တောင်ခတ်ရမှာတောင်မေ့လောက်အောင်နစ်မြောနေတဲ့ရှောင်ကျန့်တစ်ယောက် လှေကားထစ်ကိုချောနင်းပြီးနောက်ပြန်ပြုတ်ကျပါလေရော..

My Soulmate. Where stories live. Discover now