My Soulmate. [8]

324 33 5
                                    

"အိမ်ထဲဝင်ပါအုံးလား.."ပထမဆုံးအနေနဲ့ ​ရှောင်ကျန့်သူ့အိမ်ကို သူစိမ်းတစ်ယောက်အားဖိတ်ခေါ်မိခြင်းပင်..
ဝမ်ချောင်ကတော့ မားဧည့်သည်လေ..မားကကြိုဆိုလက်ခံတာ,.
သူ့ဆန္ဒမပါခဲ့..

"ရတယ် မဝင်တော့ပါဘူး.."

"ငါ ဟင်းချက်ကျွေးမယ်လေ.."တကယ်တော့ အူကြောင်ကြားကောင်လေးကိုပြန်လွှတ်လိုက်ရင် သူ့ဆီပြန်လာပြီး ကြယ်​ကြည့်ဖို့လိုက်မပို့ပဲနေမှာစိုးတာကြောင့် အနားမှာချောဆွဲထားတာ..
ဘေးမှာသူရှိနေတော့ သွားချင်တဲ့အချိန်ကောက်ထွက်ရုံပဲ..
သူ့ကိုသာပြန်လွှတ်လိုက်ရင် ရှောင်ကျန့်က သူပြန်လာမဲ့အချိန်ကို လည်ပင်းတစ်ရှည်ရှည်နဲ့စောင့်နေရမှာမလား..
စောင့်ဆိုင်းနေရခြင်းထက် အနားမှာထားပြီး အချိန်အတူကုန်ဆုံးတာမျိုးကို ပိုသဘောကျတယ်..

"မစားတော့ဘူး မင်းတစ်ယောက်စာပဲလုပ်..
အိမ်ထဲကို လာစေချင်ရင်လာမယ်ကွာ..
ငါနားချင်လို​့ မင်းအခန်းကို ခဏသုံးမယ်."ပြောဆိုပြီး ခြံတံခါးဖွင့်ကာရှောင်ကျန့်အခန်းကိုဝင်သွားတာက စိုက်စိုက်မြိုက်မြိုက်ပဲ...
သူ့အိမ်ကိုတစ်ခါမှ မရောက်ဖူးသေးတဲ့သူက သူ့အခန်းကိုသိနေတယ်ဆိုတော့ ရှောင်ကျန့်အံ့သြသင့်တယ်မလား...

ဟိုနေ့က Youtube ကနေ ကြည့်ထားတဲ့ ကော်ပြန့်လိပ်နဲ့ အချဥ်ရည်လုပ်နည်းလေးကို တွေ့ထားသေးတယ်..
လုပ်စားမယ် လုပ်စားမယ်နဲ့ မစားဖြစ်သေး..
ဟိုနေ့က မားကို လုပ်စားချင်တယ်ပြောလို့ မားဝယ်ပေးထားတာကြောင်​့ ပစ္စည်းက အစုံအလင်ရှိတယ်.,

အဲ့ထဲက အတိုင်း ဆော့ချဥ်ကို မသုံးပဲ organic မန်ချည်းချဥ်ကိုသုံးမည်။
လိုအပ်တဲ့အမယ်တွေကိ​ု တစ်စုတစ်စည်းထဲပါကင်ထုတ်ပြီးရောင်းတာကြောင့် တစ်ခုချင်းရှာဝယ်စရာမလိုအောင် အဆင်ပြေလှသည်။
မန်ချည်းသီးမှည့်ကို ရေနွေးထဲမှာစိမ်ထား...ပြီးတော့မှ ရလာတဲ့အနှစ်ကို ဇလုံသန့်သန့်လေးထဲမှာပြန်ထည့်..ပြီးတော့လိုအပ်တဲ့အမယ်တွေဖြစ်တဲ့ ဆားရယ်သကြားရယ် မဆလာမှုန့်ရယ်..ထည့်ရုံပဲ...
ကိုယ့်နိုင်ငံက စားစရာမဟုတ်တဲ့အရာကို မားတော့ဘယ်လိုရှာဝယ်လာတယ်မသိ...

My Soulmate. Where stories live. Discover now