"အခြေအနေ ဘာထူးသေးလဲ အားချွမ်.."ပြန်လည်မွေးဖွားလာတဲ့ သမန်းခြင်္သေ့ကို စောင့်ကြည့်ခိုင်းထားတဲ့ သူ့တပည့်က ဘာမှအကြောင်းမကြားတာကြောင့် အခြေအနေကို ဝမ်ချောင်ဖုန်းဆက်ပြီးလှမ်းမေးနေခြင်းပင်..
"အဲ့အိမ်မှာ မအူမလည်ကောင်လေးတစ်ယောက်ပဲနေတယ်
သခင်တို့ကျောင်းမှာပဲ တတ်တာ..""အေး အဲ့ကောင်ကို သေချာစောင့်ကြည့်ထား..
သမန်းခြင်္သေ့ကို လျော့တွက်လို့မရဘူး
အဲ့ကောင်လေးနဲ့ သမန်းခြင်္သေ့တစ်ခုခုအဆက်အသွယ်ရှိနေမှာသေချာတယ်.." အရာရာမှာအမြဲတမ်းပြီးပြည့်စုံနေတဲ့ တောင်သခင်ဟာ ဘာမဟုတ်တဲ့ သူ့ချစ်သူအတွက် စွမ်းအင်လုံး ပေးပြီး သူ့အသက်ကိုစတေးခဲ့တာပဲ...
ပြန်လည်မွေးဖွားလာတဲ့ တောင်သခင်သာသူ့ စွမ်းအင်လုံးရသွားခဲ့ရင် ဝမ်ချောင်အနှစ်နှစ်အလလစောင့်ဆိုင်းခဲ့ရသမျှက သဲထဲရေသွန်သလိုပဲဖြစ်ရတော့မှာ..
လနှစ်ထပ်ပေါ်တဲ့ လပြည့်နေမှာ အဲ့စွမ်းအင်လုံးကိုသူပိုင်ဆိုင်ရရင် ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံးသူက ဝမ်ချောင်ဆိုတဲ့ငါပဲဖြစ်ရမယ်..
အခုလောလောဆယ် စွမ်းအင်ရဲ့လက္ခဏာမပြသေးပေမဲ့ စွမ်းအင်ကို ပိုင်ဆိုင်ထားတဲ့ သူက သူ့လက်ထဲမှာရှိနေတာပဲ..
ခက်တာက ဘယ်လိုလွှဲပြောင်းယူရမလဲဆိုတာမသိသေးတာပဲ..
ဘယ်လိုပဲဖြစ်ဖြစ် အင်အားကြီးတဲ့စွမ်းအားတွေဟာ သူ့အပိုင်ပဲဖြစ်ရမယ်...အတိတ်ဘဝမှာ သူဟာ သမန်းခြင်္သေ့ရဲ့ နောက်လိုက်ဖြစ်ခဲ့ပေမဲ့...စွမ်းအင်လုံးသာ ပိုင်ဆိုင်ရရင် ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံးက သူဖြစ်နေမှာ...
မနက်စောစောဆို ဟိုကောင်လေးနဲ့အတူ ပန်းချီသွားဆွဲပြီး မား နိုးမလာခင်ပြန်ပြန်လာခဲ့တာ အခုဆို ပန်းချီကို အတော်လေး လက်စသတ်နိုင်ခဲ့ပြီ..
အိမ်မက်တွေကတော့ မက်မြဲ မက်ဆဲ ပါပဲ...
အခုတလော မက်တဲ့အိမ်မက်တွေက လှပနေခဲ့တာ..
စိတ်ချမ်းသာနေလို့ အိမ်မက်တွေပါ လှနေခဲ့တာများလား,.
ပြိုင်ပွဲနေ့မှာ ဝမ်ချောင်ကျောင်းမလာဖို့ ဆုတောင်းရမှာလေးတစ်ခုပဲ..
သူသာ ပြိုင်ပွဲဝင်ပြိုင်တာမှန်းသိရင် ဝမ်ချောင်က မရ အရ တားမှာသေချာတယ်..
မပြီးခင် ဗမာမမြင်စေနဲ့တဲ့..
သူ့အတွက်တော့ အလုပ်မပြီးခင် ဝမ်ချောင်မမြင်စေဖို့ဆုတောင်းရုံမှ တစ်ပါးအခြားမရှိ...
![](https://img.wattpad.com/cover/245841205-288-k132159.jpg)
YOU ARE READING
My Soulmate.
Fanfictionကောင်လေးတစ်ယောက်က ညတိုင်းအိမ်မက်ထဲမှာ ကောင်လေးတစ်ယောက်ကိုအမြဲတွေ့နေရတယ်.. အဲ့ကောင်လေးက လူသားမဟုတ်တဲ့ .......😍😍