Unicoad
နွေရာသီကျောင်းပိတ်ရက်အပြီးကျောင်းဖွင့်ချိန်ရောက်လာသောအခါ
အလယ်တန်းမှ အထက်တန်းသို့ ရောက်ရှိလာသော သူငယ်ချင်းနှစ်ယောက် နေစစ်ပိုင် နှင့် သားစစ်သွေး သည် ငယ်ငယ်ထဲက သူငယ်ချင်းတွေဖြစ်ကြပြီး အိမ်နီးချင်းလဲ ဖြစ်သည်မို့ ကျောင်းသွားကျောင်းပြန်တူတူသွားလေ့ရှိကြသည်။စစ်ပိုင်... ''ဟျောင့် သားသား သွားမယ်လေ ကြာလိုက်တာ ''
သားသား....''လာပါပီဟ မင်းကလဲလောလိုက်တာ''
နေစစ်ပိုင်သည် အရပ်ရှည်ရှည် အသားဖြူဖြူ လူကြီးဆန်ဆန်ချောမော လှသည့်အလျောက် ကျောင်းတွင် အချောဆုံးစာရင်းဝင်ဖြစ်သည့်အပြင် စာလဲကျောင်းအတွင်း အတော်ဆုံးဖြစ်သောကြောင့် ဆရာမများကလဲ စစ်ပိုင်ကို ချစ်ကြသည်။စာလဲတော် ချောလဲချောသည့်စစ်ပိုင်သည် ကောင်မလေးများပါးစပ်ဖျားမှာ ရေပန်းစားနေသော်လည်း သူသည် စာကိုသာ စိတ်ဝင်စားပြီးတခြားအရာများအား ဂရုမစိုက်ပေ။
သားသားသည် အရပ်ပုပု (5'3'') အသားဖြူဖြူ အချောဆုံးစားရင်းမဝင်သော်လည်း အတော်အသင့်ကြည့်ကောင်းသည်။ သားသားသည် အလယ်တန်းတွင် စစ်ပိုင်နှင့်ကျောင်းတူစေရန်အတွက် စာကြိုးစားခဲ့သော်လည်း အထက်တန်းရောက်လာသောအခါ စာကိုသေချာလိုက်မလုပ် တခြားကိစ္စများနှသ့်သာ အချိန်ကုန်နေသည်။ စစ်ပိုင်သည် သားသားကို သူငယ်ချင်းတစ်ယောက်လို ခင်သော်လည်း သားသားကမူ စစ်ပိုင်အပေါ်တွင် တိတ်တခိုး ချစ်ကြိုက်နေပေသည်။စစ်ပိုင်သည် သားသား သူ့အပေါ် ချစ်ကြိုက်နေသည်ကို နဲနဲမှ မရိတ်မိချေ။
ကျောင်းပြန်ဖွင့်သည့်မှာ ရက်အနဲငယ်ကြာပီဖြစ်သောအခါ စစ်ပိုင်သည် အေးအေးဆေးဆေးနေတတ်သူမို့ သူငယ်ချင်းဟူ၍ သားသားတစ်ယောက်ထဲရှိသည်။ သားသားကတော့ ဖော်ရွေတတ်သောသူမို့ အတန်းထဲရှိ ကျောင်းသားများအားလုံးနဲ့ ရင်းနှီးနေပီဖြစ်သည်။
တစ်နေ့တော့ သားသားနှင့် ထွန်းလင်း သည်တခြားအတန်းရှိ ကျောင်းသားများနှင့် ရန်ဖြစ်လေသည်။ ထိုအခါ စစ်ပိုင်နှင့် အတန်းထဲမှ ကျောင်းသူ မေစန္ဒါ သည် ရန်ဖြစ်နေသည်ကို ဖြန်ဖြေပေးရန်ရောက်လာခဲ့သည်။
(မေစန္ဒါ သည် အရပ်ရှည်ရှည် အသားဖြူဖြူ ချစ်စရာကောင်မလေး ဖြစ်သည်။ စာတွင်လည်း စစ်ပိုင်လိုပင် ကျောင်းအတွင်း ထိပ်ဆုံး၃ယောက်တွင်အပါဝင်ဖြစ်သည်။)
ထွန်းလင်းသည် အလှပဂေး သတ္တိဂဲလေးကို မြင်မြင်ချင်း ချစ်မိသွားလေသည်။ သို့သော် မေစန္ဒါ သည် မသိခဲ့ပေ။