Without Saying It(Unicode)

1K 61 3
                                    

<Shall we call this a beginning?>

"Kim Jennie''

Private School တစ်ခုရဲ့ နံရံတစ်ခုတွင် ချိတ်ဆွဲထားသော ဓာတ်ပုံမှ နာမည်ဖြစ်သည်။ပါးဖောင်းဖောင်းနှင့် ဘာမထီမျက်နှာပေးပေါင်းစပ်ထားသည့်မျက်နှာကျပုံစံနှင့် ကောင်မလေးတစ်ယောက်။

"Lisa ဒါက ကျောင်းဂုဏ်ဆောင် ငါတို့ရဲ့စီနီယာ အမကြီးလေ''

"ဒီနံရံမှာ ကျောင်းဂုဏ်ဆောင်တွေရဲ့ပုံကို ကျောင်းအုပ်က ဂုဏ်ယူဝင့်ကြွားပြီး ချိတ်လေ့ရှိတယ်လေ''

ထိုင်းနိုင်ငံမှ ကိုးရီးယားနိုင်ငံသို့ ပြောင်းရွှေ့လာသော ကျောင်းသူသစ် Lisa အား Chaeyoung က အတန်းပိုင်၏ မေတ္တာရပ်ခံမှုကြောင့် ကျောင်းကို ပတ်ပြနေရခြင်းဖြစ်သည်။ဘာဘီရုပ်ကဲ့သို့ မျက်လုံးလက်လက်များ နှင့် နှုတ်ခမ်းလှလှဝိုင်းဝိုင်းလေးကို ပိုင်ဆိုင်ထားသည့် ထိုင်းသူလေးသည် Chaeyoung အမြင်တွင် အလွန်မှ ချစ်ဖို့ကောင်းလှသည်။မိန်းကလေးပျမ်းမျှအရပ်ထက် မဆိုသ​လောက်
ပိုမြင့်နေသော Chaeyoung ဟာ အခု အဖော်ရပြီဖြစ်သည်။Lisa သည်လည်း ခြေတံလက်တံရှည်သည့် ကောင်မလေးဖြစ်ပြီး အရပ်မှာမတိမ်းမယိမ်းပင်ရှိ၍...။

"တော်တော်မိုက်တယ်''ဟု ထိုင်းသံဝဲဝဲနဲ့ ချစ်စရာကောင်းခြင်း အချိုးကျကျရောစပ်ထားသော အသံနှင့် Lisa ပြောလိုက်သည်။

သူမတို့နှစ်ယောက်လုံးဟာ အတန်းတူတူပင်ဖြစ်သည်။''အထက်တန်း ဒုတိယနှစ်''။ကျောင်းဝန်းကြီးဟာ အကျယ်ကြီးဖြစ်ကာ Private ကျောင်းဟုသည့်ဂုဏ်နှင့်လိုက်ဖက်စွာ အလွန်အဆင့်မြင့်သည်။

Chaeyoung ကိုယ်တိုင်သည်လည်း သြစတြေးလျက ပြောင်းလာသည်မှာမကြာသေး။ထို့အတွက် Lisa နှင့် ကျောင်းတစ်ပတ်လိုက်ပြရင်း အတော်ပင်ခင်သွားကြသည်။

__________________________________
"Kim Jennie သမီး ဒီလ လည်း တစ်ကျောင်းလုံး အဆင့်တစ်ပဲ နော် တော်တယ်။အော် တစ်ခြားသူတွေလည်း အမှတ်မကောင်းလို့ စိတ်မညစ်ကြနဲ့နော် ကြိုးစားဖို့ပဲ''ဟု ဆရာမဟာ အားပေးစကားပါ တစ်ဆက်တည်း ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ ဆရာမ''ဟု ကလေးများက အားတက်သရော ပြန်ဖြေကြသည်။

Without Saying ItWhere stories live. Discover now