ငရဲကို အုပ်ချုပ်နေရတဲ့ နတ်ဆိုးဘုရင် ရှောင်ကျန့်ဟာ ဖခင်ရဲ့ အမိန့်ကို နှစ်ပေါင်းများစွာ နာခံ လာပြီးနောက်
ပထမဆုံးအကြိမ် ငရဲကနေ စိတ်လွတ်ကိုယ်လွတ် ထွက်လာကာ လူ့ပြည်သို့ ရောက်လာတော့သည်
"ဝါးးး မကောင်းမှု အငွေ့အသက် အနည်းငယ်သာ ရတဲ့ လူ့ပြည်..
အိုးးး ငါ ပထမဆုံး clup တစ်ခု ဝယ်ရမယ်...."လူတိုင်းရဲ့ အဖြစ်ချင်ဆုံး ဆန္ဒကို
သိနိုင်တဲ့ အစွမ်းရှိတဲ့ ရှောင်ကျန့်သူသိလိုလျှင် ညှိ့ဓာတ်ပြင်းတဲ့ မျက်ဝန်းတစ်စုံနဲ့ စိုက်ကြည့်ကာ မေးလိုက်ရုံဖြင့် သိနိုင်သည်
လိုချင်တဲ့ အရာတစ်ခုကို သူ့ထံမှ တောင်းလျှင် တောင်းသူမှ တတ်နိုင်မည့် အရာကို ပြန်ယူသည်
အပေး အယူ ပေါ့
များသောအားဖြင့် ဝိညာဉ်ပေါ့
လိုအပ်ရင် ဝိညာဉ်လွင့်သွားအောင် သူ့ရဲ့ နတ်ဆိုးမျက်နှာ ပြတတ်သေးသည်
လူ့ပြည်ကို တက်လာတဲ့ နတ်ဆိုးဘုရင် အဖို့ လုပ်စရာက
နေ့လည်ဆို ပြိုင်ကားလေးနဲ့လျောက်သွားမယ်
ညနေဆို သူ့ကိုယ်ပိုင် ကလပ်မှာ အရက်သောက် ပျော်မြူးမယ်သူ့ရဲ့ ဘေးမှာတော့ ငရဲပြည်ကို ဖခင်ရဲ့ နှင်ထုတ်မှုကတည်းက သစ္စာခံခဲ့တဲ့ ဝမ်ချောင်
သူ့ဖခင်ရဲ့ ဖန်တီးမှု လူ့ကမ္ဘာထဲမှာ ပျော်မြူးနေတဲ့ ရှောင်ကျန့်
မိန်းမလှလေးတွေနဲ့ ကလိုက်
အရက်သောက်လိုက်ဘဝက သာသာယာယာပါပဲ
"ရှောင်ကျန့်...."
"Wow.....ရုပ်ရှင်မင်းသမီး ဝမ်ချင်ပါ့လား...ဒီတစ်ခါတော့ အပေးအယူက ကြီးမယ်နော်...ဟားးဟားး"
ဟုတ်ပါတယ် လူ့ပြည်မှာ ပထမဆုံးအကြိမ် အပေးအယူ လုပ်ခဲ့တဲ့ သူပါ
အယူကတော့ အခု သူပိုင်နေတဲ့ ကလပ်ပေါ့
အပေးကတော့ အောင်မြင်တဲ့ ရုပ်ရှင်မင်းသမီး
တန်ပါတယ် ဒီကြားထဲ သူတို့အကြား မိတ်ဆွေ ဖြစ်ခဲ့သည်
လူတွေရဲ့ သဘောကို ဝမ်ချင့်ဆီက လေ့လာတယ်