အပိုင္း (၇)

85 14 0
                                    

<Unicode>
ခြေထောက်အောက်တွင် လိမ္မော်သီးအခွံများပျံ့နှံ့နေပြီး ထုံသင်းသောအမွှေးရနံ့ကိုရှူရှိုက်မိသည်။ ခွန်းပအိပ်ခါနီးဝတ်ထားသောအဝတ်အစားများမဟုတ်တော့ဘဲ ပေါင်လယ်လောက်သာရှိသည့်အနက်ရောင်အင်္ကျီရှည်နှင့် ဘောင်းဘီလည်းမရှိတော့ပေ၊ ခေါင်းပေါ်၌လည်းအနက်ရောင်ဇာပဝါတစ်ထည်ရောက်နေသည်။ အင်္ကျီအပေါ်ကြယ်သီးနှစ်လုံးသည် ဖြုတ်ထားသဖြင့်ရင်ညွန့်ဖွေးဖွေးနဲ့ညှပ်ရိုးထင်းထင်းပေါ်နေသည်။ အင်္ကျီကြယ်သီးနှစ်လုံးအားပြန်တပ်လိုက်ပြီးဘောင်းဘီလိုက်ရှာရန်အတွက် ပတ်ဝန်းကျင်ကိုလေ့လာကြည့်မိရာ အဝါရောင်ပန်းများဖူးပွင့်နေသည့် ထူးဆန်းသောတောအုပ်လေးတွင်ဖြစ်နေသည်။

တောအုပ်လေး၏လျှောက်လမ်းသည် လိမ္မော်ခွံများအပြည့်ခင်းကျင်းလျက်၊ ရေတံခွန်သံသဲ့သဲ့လေးကြားနေရပြီး သစ်ပင်များသည်စိမ်းလန်းစိုပြေ၍လှပသောအဝါရောင်ပန်းအစုလိုက်အပြုံလိုက်ပွင့်ဖူးနေသည်။ မြင့်မားလှသည့်သစ်ပင်များကာထားသဖြင့် တစ်စွန်းတစ်စသာမြင်ရသည့်ကောင်းကင်အစုံသည်နီညိုရောင်သန်းနေသည်။ ကောင်းကင်အနေအထားအရနေဝင်နေပေမဲ့လည်း တောအုပ်ကလေးသည်ဘယ်နားကဘယ်လိုရသည့်အလင်းရောင်ဖြင့်တစ်တောလုံးအားအလင်းဆောင်နေလဲမသိ။

ကျေးငှက်လေးများသည် သူတို့၏နှုတ်သီးလေးဖြင့်အဝါရောင်ပန်းပွင့်များကိုချီကာ ခွန်းပခေါင်းပေါ်ပစ်ချလာသည်။ ပိုးစုန်းကြူးလေးတစ်ကောင်သည် မိမိအားလမ်းပြပေးနေသယောင် အနားသို့ကပ်လာလိုက်အရှေ့သို့ပျံသန်းသွားလိုက်၊ ခွန်းပ ဖင်စိမ်းကောင်လေးနောက်သို့လိုက်သွားသည်နှင့် တောအုပ်လေးပျောက်သွားခဲ့ပြီးချောက်ကမ်းပါးအစွန်းသို့ရောက်ရှိနေခဲ့သည်။

ဒီနေရာကိုမကြိုက်ကြောင်းခေါင်းခါပြသော်လည်း ပိုးစုန်းကြူးလေးသည် ချောက်နက်ထဲသို့ပျံသန်းသွားလေသည်။ မကြိုက်ပေမဲ့လည်းတချို့သောအကြောင်းပြချက်များကြောင့် အောက်ကိုခုန်ဆင်းရမည်နေရာပေလား။ အဆုံးမရှိသောချောက်နက်ကလွဲ၍ ဘာမျှမရှိသောနေရာလေးတွင် ခုန်ချတာကလွဲတခြားနည်းလမ်းမရှိသလို...

Welcome HomeWhere stories live. Discover now