အပုိင္း (၆)

90 12 5
                                    

<Unicode>
ခွန်းပ ဘေးနားရှိဆွေဆွေ၏ခန္ဓာကိုယ်လေးသည် တဆတ်ဆတ်တုန်ယင်နေကာ လဲကျတော့မည်ပုံပေါက်နေသည်။ သူမ၏လက်ထဲသို့ လက်ကိုင်ပဝါတစ်ထည်ပေးလိုက်ပြီး သူမအားပြုံးပြလိုက်မိသည်။

"ငါတို့ကသွားစရာရှိလို့ မင်းကိုတောင်းပန်ခိုင်းပြီးအေးဆေးသွားခွင့်ပေးတာကို ရောင့်တက်လာတယ်ပေါ့၊ သူမခန္ဓာကိုယ်ပုံစံ၊ အဝတ်အစားဝတ်တာကမဆင်ခြင်လို့ သူမအမှားလည်းပါတယ်လို့ထင်တယ်ပေါ့၊ သူမဘာသာဘယ်လိုဝတ်ဝတ်မင်းနဲ့ဆိုင်လား၊ မင်းတင်ကျွေးထားရလို့လား၊ သူမလွတ်လပ်ခွင့်နဲ့သူမ ကြိုက်သလိုနေလိုက်မယ်၊ တခြားသူတွေဘာမှဝင်ရှည်ပေးစရာမလိုဘူး။ သူမကဘယ်လိုပုံစံဖြစ်ဖြစ်၊ ဘာကိုပဲဝတ်ထားဝတ်ထား မင်းလိုကောင်ကလက်သရမ်းမှာပဲမှတ်လား။"

"မင်းလို မိန်းကလေးတစ်ယောက်ကိုမြင်တာနဲ့ တဏှာမျက်လုံးနဲ့ပဲကြည့်တတ်တဲ့ကောင်ကို မှတ်လောက်သားလောက်လုပ်ပေးမှကျေနပ်မယ်ပေါ့၊ ငါကိုထိုးချင်နေရင်ထိုးလိုက်လေ နောက်တစ်မှုပါထပ်တိုးသွားအောင်၊ သက်သေပြ?ဟုတ်လား၊ မျက်မြင်သက်သေလည်းရှိတယ်၊ ဖုန်းနဲ့လည်းမင်းရဲ့ကျက်သရေမရှိတဲ့အသံတွေကိုrecordလုပ်ထားတယ်၊ ကား cctv ကိုလည်းစစ်လို့ရတယ်နော်၊ သက်သေတွေကအများကြီးရှိတယ်ငတုံးကောင်ရဲ့"

ထိုကောင်သည် အပျက်ပျက်အယွင်းယွင်းမျက်နှာဖြင့် 'တောင်းပန်ပါတယ်'လို့ခပ်မြန်မြန်ပြောပြီး ကားရပ်သွားသည်နှင့်ကမူးရှူးထိုးဆင်းပြေးသွားသည်။ ကိုရဲသည် ဖုန်းထဲကအခြေအနေကိုရိပ်မိ၍ဘာမျှမပြောဘဲနေခဲ့ပြီး ခွန်းပပြန်ပြောမည်ကိုသာစိတ်ရှည်ရှည်ဖြင့်စောင့်နေပေးသည်။

"ကိုရဲ ကျွန်တော်ကားပေါ်ကနေဆင်းရင် ပြန်ဆက်လိုက်မယ်နော်။"

ဆွေဆွေ၏အခြေအနေသည် တော်တော်လေးဆိုးဝါးနေသည်။ထိုကြောင့်ကြုံရာမှတ်တိုင်မှာဆင်း၍ ကိုရဲကိုလာခေါ်ခိုင်းရမည်။

"ရှေ့မှတ်တိုင်မှာဆင်းကြရအောင်နော် ညီမလေး"

ခွန်းပ သူမအားခဏလေးဟုပြော၍ မိမိတို့အငြင်းပွားမှုကိုအစအဆုံးကြည့်နေသော မျက်နှာချင်းဆိုင်ထိုင်ခုံမှာထိုင်နေသည့်မိန်းကလေးတစ်ယောက်အား စကားတိုးတိုးသွားပြောလိုက်သည်။ ကားပေါ်ကနေဆင်းလိုက်သည်နှင့် ဆွေဆွေသည် ရုတ်တရက်လမ်းဘေးကအမှိုက်ပုံးရှိရာသို့သွား၍အန်ချလိုက်သည်။

Welcome HomeOù les histoires vivent. Découvrez maintenant