အပိုင္း (၁)

536 21 0
                                    

<Unicode>
မင်္ဂလာပွဲကျင်းပရာဟိုတယ်ရှေ့တွင် ဝင်ရနိုးနိုးကျောခိုင်း၍နောက်ကြောင်းသာလှည့်ပြီးပြန်ရနိုးနိုး ခွန်းပတစ်ယောက်အကြပ်ရိုက်နေသည်။ နောက်ဆုံးအနေဖြင့်ကြင်စဦးမောင်နှံ ခွန်းပ၏ငယ်သူငယ်ချင်းနှစ်ယောက်နှင့် တွေ့ချင်စိတ်ကြောင့်သာလာခဲ့သော်လည်း အဝ၌တစ်နေလေသည်။

စိတ်ကိုတင်းလိုက်ကာ မင်္ဂလာလက်ဖွဲ့လက်ခံသော နေရာတွင် လက်ထဲမှစာအိတ်ကိုချရင်း လျှောက်လမ်းအတွင်းသို့ ခြေလှမ်းမြန်မြန်လျှောက်ကာ ချောင်နည်းနည်းကျသည့် စားပွဲဝိုင်းတွင် ဝင်ထိုင်လိုက်လေသည်။

ဘေးပတ်ပတ်လည် စားပွဲဝိုင်းများမှဧည့်သည်များသည် သတို့သားသတို့သမီး၏နှစ်ဖက်သောမိဘများရဲ့ အသိအကျွမ်းများ၊ စီးပွားဖက်များ၊ ဆွေမျိုးများသာဖြစ်ပုံပေါ်ရကာ မိမိသိသောသူများအားမတွေ့မိ။ သတို့သားသတို့သမီးသည် ခပ်ဝေးဝေးရှိဧည့်သည်များအား ဧည့်ခံနှုတ်ဆက်နေသည်။ သူတို့နှစ်ဦးမြင်အောင် အချက်ပြချင်စိတ်လည်းမရှိ။ မိမိမျက်စိရှေ့က အစားအသောက်များကိုသာ စားသောက်နေမိသည်။

နန်းစုဝေသည် နက်မှောင်သောဆံနွယ်၊ ဖြူ ဝင်းသည့်အသားအရေရှိပြီးသူမ၏ခြေတံရှည်ကြောင့် အရပ်မြင့်မားကာ သတို့သမီးဝတ်စုံအဖြူ လေးဖြင့် အလွန်ပင်ကျက်သရေရှိပြီးလှပသည်။ သတို့သားဖြစ်သူဇွဲထက်မှာလည်း ချောမောခန့်ညားသဖြင့် အမြင်အားဖြင့်ကြည့်လျှင် ထိုနှစ်ဦးသည် လွန်စွာလိုက်ဖက်လှသည်။

မကြာလိုက်ပါ၊ သတို့သမီးဖြစ်သူနန်းစုဝေသည် ခွန်းပရှိရာစားပွဲဝိုင်းသို့ ရောက်လာလေသည်။ သူမသည်အတန်ငယ်မျက်နှာတည်နေပြီး ချီတုံချတုံဖြင့်စကားဆိုလာသည်။

"ညကျမှကျင်းပမယ့်ညစာပါတီပွဲကိုပဲ ခွန်းလာမယ်ထင်နေတာ အခုကနှစ်ဖက်မိဘအသိုင်းအဝိုင်းပဲ သီးသန့်ဖိတ်ထားတာ ငါတို့သူငယ်ချင်းတွေကို ညစာစားပွဲပဲဖိတ်ဖြစ်တယ်၊ လက်ဆောင်တွေလည်းလက်မခံချင်လို့လေ...ဇွဲထက်နင့်ကိုပြောဖို့မေ့သွားတယ်ထင်တယ်...ငါတို့လည်းအလောတကြီးစီစဉ်ဖြစ်သွားလို့ပါ။"

သူမ၏စကားကြောင့် စိတ်ထဲဝမ်းနည်းသွားပေမဲ့ သူတို့သူငယ်ချင်းတွေမလာတဲ့ ဒီချိန်ကိုလာမိတာအမှန်ဆုံးဟု စိတ်ထဲခံစားမိသည်။

Welcome HomeTempat cerita menjadi hidup. Temukan sekarang