<Unicode>
ဆိုင်ထဲမှာအကြာကြီးလျှောက်ကြည့်နေပြီး ဘာမှမဝယ်ဘဲထွက်သွားလျှင် ခွန်းပကိုတစ်မျိုးတစ်မည်များထင်ပေမလား။လောလောဆယ်ဘာမှတွေးလို့မရပေမဲ့ ဒီတိုင်းပြန်ထွက်သွားတာက အကောင်းဆုံးနည်းလမ်းဖြစ်သည်။ ထိုအချိန်တွင် ခွန်းပ၏နောက်ကျောမှစိတ်ကိုအေးချမ်းလုံခြုံသွားစေသည့်အသံအားကြားလိုက်ရသည်။"လိုအပ်တာ ဒါအကုန်ပဲလား ခွန်းပ"
ခွန်းပနောက်သို့လှည့်ကြည့်လိုက်ရာ စိတ်အေးချမ်းစေသည့်အသံပိုင်ရှင်သည် စူးရှရှအကြည့်၊ နှုတ်ခမ်းထက်မှအပြုံးတစ်ပွင့်နှင့်လက်နှစ်ဖက်အားပိုက်ထားပြီးကိုယ်နေကိုယ်ဟန်ကျနစွာရပ်နေသောညိုစိမ့်စိမ့်အသားအရေဖြင့်ဆွဲဆောင်မှုအပြည့်ရှိသောယောက်ျားတစ်ယောက်။ မိမိနာမည်အားခေါ်လိုက်သည့်ချောမောလွန်းသည့် ယောက်ျားကိုအမှတ်တမဲ့ငေးကြည့်နေမိပြီးခဏအကြာတွင် ခွန်းပပါးနှစ်ဖက်ပူလာလေသည်။
"ကျွန်တော်နဲ့သိလို့လားခင်ဗျ ဘာကိစ္စများရှိလို့ပါလဲ"
"ကိုယ်က ရဲခန့်ကိုလေ၊ ကိုယ်အလုပ်ကအပြန်အပြင်ကနေ မင်းကိုလှမ်းမြင်မိလို့ဆိုင်ထဲလိုက်လာခဲ့တာ"
ကိုရဲကနှုတ်ဆက်အပြီး လက်ကိုင်ပဝါအဖြူ လေးကိုအိတ်ထဲကထုတ်၍ ခွန်းပ၏နဖူးနှင့်လည်ပင်းမှချွေးများကိုသုတ်ပေးလာသည်။ ထို့နောက်လက်ကိုင်ပဝါလေးအားအိတ်ထဲသို့ပြန်ထည့်လိုက်ကာ...
"ပိုက်ဆံအိတ်ပျောက်သွားလို့လား။ ကိုယ်ရှင်းပေးထားမယ်လေ၊ ဘာဝယ်စရာရှိသေးလဲ။"
"ဘာမှဝယ်စရာမကျန်တော့ပါဘူး၊ ကျွန်တော်ပြန်ထွက်တော့မလို့ ကိုရဲခန့်ကိုနဲ့တွေ့လို့သာတော်ပါသေးတယ်။"
ပိုက်ဆံရှင်းပြီးဆိုင်အပြင်ဘက်ကိုရောက်သည်နှင့် ကိုရဲသည်အနည်းငယ်ဝမ်းနည်းနေသယောင်လေသံဖြင့်
"ကိုရဲလို့ခေါ်ဖို့ပြောထားဖူးတယ်လေ၊ ခွန်း"
ကိုရဲ၏စကားကိုမနေ့ကညမှပြောတာပါလို့ ပြန်ထောက်ချင်ပေမဲ့အခုမှ စတွေ့ဖူးတဲ့သူကိုအရစ်သွားမရှည်သင့်သေးပေ။ လိုင်းပေါ်မှာကလူမမြင်ရသဖြင့်ရှောရှောရှူရှူ ထွက်နိုင်ပေမဲ့လက်တွေ့ဆုံတော့မဝံ့မရဲဖြစ်နေသဖြင့် စိတ်ထဲ၌လေ့ကျင့်နေမိသည်။
ESTÁS LEYENDO
Welcome Home
Romanceမချစ်ဖူးတဲ့မင်းလေးကို အချစ်သင်ခန်းစာတွေသင်ပေးမှာပေါ့။ ခွန်းပ၏အရှေ့ကို စာအုပ်တချို့ ရောက်ရှိလာလေသည်။ ထိုစာအုပ်ခေါင်းစဉ်များမှာ 'ချစ်ရအောင်၊ ချစ်ခြင်းနည်း ၁၀၀၊ အချစ်ရေးနည်းအဖြာဖြာ စသည့်အချစ်စာအုပ်များဖြစ်သည်။ အရင်ဆုံး 'ချစ်ရအောင်'ဆိုတဲ့စာအုပ်ကို ကိုယ်...