အပိုင္း (၈)

82 13 0
                                    

<Unicode>
မနက်ခြောက်နာရီထိုးသည့်နှင့်အိပ်ရာကထပြီးမျက်နှာသစ်၊ ကိုယ်လက်သန့်စင်ပြီး မယုနံနက်စာပြင်နေသည်ကိုဝိုင်းကူလုပ်ပေးရန်အောက်ထပ်သို့ဆင်းလာမိသည်။ မယုသည် မနက်စာအတွက်မုန့်ဟင်းခါးလုပ်လို့ပြီးနေပြီဖြစ်သည်။ ခွန်းပလည်း ပန်းကန်များကိုထမင်းစားပွဲသို့သယ်ပေးလိုက်သည်။ သူမသည် 'ကျေးဇူးပါ'ဟုအသံတိုးတိုးသာတုံ့ပြန်လာသည်။

မနက်စာပြင်ပြီးသည့်နောက်စားမည့်သူများဖြစ်သည့် ကိုရဲတို့ညီအစ်ကိုဆင်းလာပြီး ဆွေဆွေသည်တော့မလာသေးပေ။ မယုသည် သူမစားမည့်ပန်းကန်နဲ့အတူဆွေဆွေစားဖို့အတွက်မုန့်ဟင်းခါးပန်းကန်အား လင်ပန်းထဲသို့ထည့်ကာ သူမတို့နေသည့်အခန်းထဲသို့သယ်သွားသည်။ မယုသည်စကားနည်းပေမဲ့ အိမ်သားများအပေါ်တွင် အစ်မတစ်ယောက်လိုဂရုစိုက်ပေးသည်။ မနက်စာစားလေ့မရှိသည့် လွင်သည်ပင်ခွန်းပဘေးနားကထိုင်ခုံတွင် အိပ်ချင်မူးတူးနဲ့ဝင်ထိုင်နေသည်။

"မင်း ထူးထူးဆန်းဆန်းမနက်စာလာစားတာ၊ နေရောကောင်းရဲ့လား။"

မင်းသန့်၏အမေးအား လွင်တစ်ယောက်ပြန်မဖြေအားပေ။ မုန့်ဟင်းခါးတစ်ဇွန်းကိုပါးစပ်ထဲထည့်ကာ အိပ်ငိုက်နေသည်။

"လွင် အစားစားရင်းအိပ်ငိုက်မနေနဲ့၊ မျက်တွင်းတွေကျနေတယ်၊ ညကမအိပ်ဘူးလား။"

ခွန်းပ၏အမေးကြောင့် မျက်လုံးကိုအတင်းဖွင့်ကာမုန့်ဟင်းခါးကိုအဆက်မပြတ်ပါးစပ်ထဲထည့်ပြီးနောက် စကားဆိုလာသည်။

"ငါခုထိမအိပ်ရသေးဘူး။ ညကဇာတ်ကားကဇာတ်ရှိန်တက်နေလို့ကြည့်ရင်းကြည့်ရင်းနဲ့မိုးလင်းသွားတယ်၊ အခုကဗိုက်ဆာလို့လာစားတာ၊ စားပြီးရင်တစ်နေ့ကုန်အိပ်တော့မယ်၊ အဒေါ်ကြီးကိုမင်းတို့အတွက် ငါးသလောက်ဝယ်ခိုင်းထားတယ်။"

"မင်းအဲ့လောက်ထိတော့ မကြည့်နဲ့လေ၊ ကြာလာရင်ကျန်းမာရေးရောမင်းရဲ့အသားအရေပါထိခိုက်လာပြီး မင်းငါ့ထက်မချောပဲနေမယ်နော်။"

"အခုလည်းခွန်းက ပိုချောတာ၊ ဆရာကပိုချောတာ"

ညီအစ်ကိုနှစ်ယောက်ထံကအသံနှစ်သံတစ်ပြိုင်နက်ထွက်လာပြီးနောက် လွင်ဆီကမကျေမချမ်းအသံထွက်လာသည်။

Welcome HomeWhere stories live. Discover now