<Unicode>
ခရီးဆောင်အိတ်ထဲတွင်အဝတ်အစားအနည်းငယ်၊တစ်လီတာရှိသောရေဘူးတစ်ဘူး၊ ခေါက်ဆွဲခြောက်အနည်းငယ်၊ ငွေသားတစ်သိန်း၊ ဘဏ်စာအုပ်တစ်အုပ်နှင့် တိုလီမုတ်စအနည်းငယ်သာပါရှိသည်။ ခေါက်ဆွဲခြောက်တစ်ထုပ်ကို အခြောက်တိုက်ကိုက်စားပြီး ရေဖြင့်မျှောချလိုက်သည်။ဗိုက်အနည်းငယ်ပြည့်သွားနှင့်အိမ်ပိုင်ရှင် ကိုရဲခန့်ကိုပေးသည့်ဖုန်းအား မျက်စိစွေကြည့်မိသည်။ ဖုန်းကိုဖွင့်ကာsettingထဲဝင်ကြည့်မိတော့ miဖုန်းအမျိုးအစား၊model က mi 9ဖြစ်ပြီး ဖုန်းcontactထဲတွင် ကိုရဲဆိုသည့်နာမည်တစ်ခုသာမှတ်ထားသည်။ မိမိ၏noteစာအုပ်ထဲမှဖုန်းနံပါတ်အနည်းငယ်ကို ကူးပြောင်းထည့်လိုက်ပြီး အင်တာနက်လည်းချိတ်ထားသဖြင့် လိုင်းဖွင့်လိုက်သည်။
မသုံးတာကြာပြီးဖြစ်တဲ့ Facebook accထဲlog inဝင်လိုက်ပြီးနောက် notiများကိုစစ်လိုက်သည်။ ရဲခန့်ကိုဆိုသည်နာမည်နှင့်အကောင့်တစ်ခုသည်friend requestပေးပို့ထားသည်။ အိမ်ပိုင်ရှင်နာမည်ကြီးနှင့်သူအကောင့်များလား? သူ့ပုံလည်းမတင်ထားဘူး။ profile pictureက ရှုခင်းပုံတင်ထား၍wallထဲဝင်ကြည့်တော့လည်းထွေထွေထူးထူးဘာမှမတင်ထား။
လက်ခံရ၊မခံရမိနစ်ဝက်လောက်စဉ်းစားလိုက်ပြီး မိမိ၏အလုပ်ရှင်လည်းဖြစ်၊ အိမ်ပိုင်ရှင်လည်းဖြစ်သည့်အတွက်အားနာသောကြောင့် confirmကိုနှိပ်လိုက်မိသည်။ခဏကြာသောအခါ messenger မှစာဝင်လာသည်။
ရဲခန့်ကို : " Hi! အိမ်သားအသစ်ကလေး အခန်းကနေရတာ အဆင်ပြေရဲ့လား။"
ခွန်းပ : "ဟုတ်ကဲ့ အဆင်ပြေပါတယ် ကိုရဲခန့်ကိုခင်ဗျာ။"
ရဲခန့်ကို : "အဲ့လောက်ထိ ယဉ်ကျေးစရာမလိုဘူး။ အိမ်သားတွေခေါ်သလို ကိုရဲလို့ခေါ်လို့ဖြစ်တယ်။ ဟို မင်းအတွက်လစာကို ကိုယ်ခရီးကပြန်လာမှပဲပေးမယ်နော် ဖြစ်တယ်မလား။"
ခွန်းပ : "ရပါတယ် ကိုရဲ လကုန်မှပေးလို့ဖြစ်တယ်။"
ရဲခန့်ကို : "မဟုတ်တာ မင်းလည်းလိုအပ်တဲ့ကိစ္စလေးတွေလုပ်လို့ရတာပေါ့။ ဒါနဲ့မင်းစားပြီးသွားပြီလားဟင်?"
ခွန်းပ : "ကျေးဇူးတင်ပါတယ်ကိုရဲ ကျွန်တော်ခေါက်ဆွဲခြောက်တစ်ထုပ်စားထားပါတယ်။"
ESTÁS LEYENDO
Welcome Home
Romanceမချစ်ဖူးတဲ့မင်းလေးကို အချစ်သင်ခန်းစာတွေသင်ပေးမှာပေါ့။ ခွန်းပ၏အရှေ့ကို စာအုပ်တချို့ ရောက်ရှိလာလေသည်။ ထိုစာအုပ်ခေါင်းစဉ်များမှာ 'ချစ်ရအောင်၊ ချစ်ခြင်းနည်း ၁၀၀၊ အချစ်ရေးနည်းအဖြာဖြာ စသည့်အချစ်စာအုပ်များဖြစ်သည်။ အရင်ဆုံး 'ချစ်ရအောင်'ဆိုတဲ့စာအုပ်ကို ကိုယ်...