#Zawgyi
"မင်းတို့တွေက တော်တော် ရင်းနှီးနေကြပြီဘဲ..."
Jisooရဲ့ အသံကြောင့် Jennie ထရပ်မိသွားသည်
Jisooမှာ Jennieကို တစ်ချက်ကြည့်ပြီး သူ့အကိုဝမ်းကွဲကို ကြည့်လိုက်သည်
"နောက်ဆုံးတော့ မင်း ရောက်လာပြီလေ ဘာလို့ အရမ်းကြာနေတာလည်း ငါ့မယ် စောင့်ရတာ သေတော့မယ် တော်သေးတာပေါ့ အရမ်းလှတဲ့ အတွင်းရေးမှူးလေးရှိတော့ စကားပြောရတာ အဆင်ကိုပြေလို့ "
Jinwooရဲ့ စကားကြောင့် Jennie ကို Jisoo မျက်စောင်းထိုးပြီး ကြည့်လိုက်သည်
"Oh my god Jinwoo က အဲ့လိုကြီး ပြောစရာလိုလို့လား "
Jennie စိတ်ထဲကနေ Jinwoo ကို မကျေမနပ် ဖြစ်နေမိသည်
"ကဲ ဒါဆိုလည်း ပြောစရာရှိတာတွေ ပြောရအောင် ငါတို့ စကားပြောစရာရှိလို့ အပြင် ခဏထွက်ပေးပါလား Miss Kim "
Jisooမှာ Jennie ကို အပြင်ထွက်ဖို့ မျက်လုံးနဲ့ အချက်ပြလေသည်
Jennie လည်း အအော်မခံရခင် ရုံးခန်းအပြင်ဘက် ထွက်သွားလေသည်
"ကဲ ဒီကို လာရတဲ့အကြောင်းအရင်းက...."
"Woo woo ကိုယ့်အကိုကို နေကောင်းလား လေယာဉ်စီးရတာ အဆင်ပြေလား ဘာညာမမေးဘူး ဆိုးလိုက်တဲ့ ညီမလေး "
Jinwoo စကားတွေကြောင့် Jisoo မျက်မှောင်ကြုတ်ပြီး
"လူကောင်းလေး ပုံစံဖမ်းတာ ရပ်ပြီး ဒီကိုလာရတဲ့အကြောင်း လိုရင်းတိုရှင်းပြောပါလား "
"ဒီကို လာရတဲ့အကြောင်းအရင်းကတော့ company က planတွေအတိုင်း လည်ပတ်ရဲ့လားလို့ မင်းအဖေက သွားကြည့်ခိုင်းလို့ လာကြည့်တာ အခုတော့ ငါ့မှာ မင်းရဲ့ အတွင်းရေးမှူးကြောင့် seoulမှာ အခြေချရတော့မယ် ထင်တယ် "
Jinwooရဲ့ စကားကြောင့် Jisoo စိတ်တိုပြီး လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်
"ဘာ..."
"ကြည့်ရသလောက် ဒီမှာ အားလုံး အဆင်ပြေနေတာဘဲ company က ကောင်းကောင်းလည်ပတ်တယ် မင်းရဲ့ အတွင်းရေးမှူးအချောလေးကလည်း Company အကြောင်း ရှင်းပြထားတယ် "
Jinwoo ပြောပြီး မတ်တပ်ထရပ်ကာ ရုံးခန်းထဲ လမ်းလျှောက်လိုက်သည်