Part 29

1.6K 239 33
                                    

#zawgyi

Joyနဲ့ Wendyမှာ Jennie အကြောင်းပြောနေကြသောကြောင့် Jisoo ရောက်လာတာကို အာရုံမရပေ

"Madam ဘာယူ..."

စားပွဲထိုးလာမေးတာကို Jisoo လက်ကာပြပြီး Joyတို့ ပြောစကားကို သေချာနားထောင်နေသည်

"Jennie က ဘာဖြစ်လို့လည်း "

"ငါ သေချာပြောပြမယ် Wen. .ဒါပေမယ့် ဘယ်သူ့ကိုမှ ပြန်မပြောပါနဲ့နော် '

Joyမှာ Jennie အကြောင်း တစ်ခြားသူတွေ သိသွားမှာလည်း စိတ်ပူနေသည်

"အင်းပါ မပြောဘူး "

"Jennie အခု အလုပ်လိုနေတာလေ အဲ့တာ Wenရဲ့ ဒီ Seoul မြို့ထဲက ကော်ဖီဆိုင်တစ်ဆိုင်ဆိုင်မှာ အလုပ်ခန့်ပေးပါလား "

"ဟင်...နင်ပြောချင်တာက ငါ့ ကော်ဖီဆိုင်မှာ သူ့ကို အလုပ်ခန့်ဖို့လား "

"ဟုတ်တယ်....နော် Jennie လေးအတွက် လုပ်ပေးပါ အချစ်ရယ်နော်..."

Wendyရဲ့ မျက်နှာလေးကိုကိုင်ပြီး Joyမှာ နှုတ်ခမ်းလေးစူကာ တောင်းဆိုနေသည်

Jisooမှာ ခိုးနားထောင်ရင်း မေးခွန်းတွေ ပေါ်လာသည်

Jennieက ဘာလို့အလုပ်လိုအပ်နေတာလည်း....ဘာတွေဖြစ်နေတာလည်းဆိုတဲ့ မေးခွန်းတွေ Jisoo ခေါင်းထဲ အသီးသီးဝင်ရောက်လာသည်

"အင်းပါ ဒါပေမယ့် Jennie အဖေက ချမ်းသာတယ် မဟုတ်ဘူးလား သူ့အဖေ companyမှာ ဝင်လုပ်လို့ရတာဘဲကို "

Wendyရဲ့ စကားကြောင့် Joy သက်ပြင်းချလိုက်သည်

"Jennieက သူ့သမီးအရင်း မဟုတ်ဘူးလေ ဒီတော့ Jennieကို အလုပ်မရအောင် သူလိုက်ဖျက်ထားတာလ.....သူ့အဖေ connection တွေကြောင့်ဘယ် company ဘယ်နေရာကမှ Jennieကို အလုပ်လက်မခံဘူး "

Joyရဲ့ စကားကြောင့် Wendy အပါအဝင် Jisoo ပါ အံ့သြသွားတယ်

"သူ ဘာလို့ အဲ့လိုလုပ်ရက်တာလည်း "

Wendyမှာ မယုံနိုင်လောက်အောင် ဖြစ်နေသည်

"အဲ့ထက်ပိုပြီး လူမဆန်တာ ပြောအုံးမယ် သူ့ company ဒေဝါလီခံတော့မှာမို့လို့ Jennieကို လိမ်ညာပြီး နယူးဇီလန် ပြန်ခေါ်တာ Jennie ငါတို့ကို ဘာမှမပြောဘဲ ထွက်သွားတာ အဲ့တာကြောင့်လေ နယူးဇီလန်ကို Jennieလည်း ရောက်ရော ဇွတ် ယောက်ျားပေးစားတာတဲ့....Jennieက ဇွတ်ငြင်းရင်း သူ့အဖေက Jisoo companyကို စာချုပ်နဲ့ ရအောင် မယူနိုင်ရင် အဲ့လူနဲ့ လက်ထပ်ရမယ်လို့ ခြိမ်းခြောက်တာတဲ့ ပြီးတော့ Wendyရယ် အဲ့လူက Jennieကို မုဒိမ်းကျင့်ဖို့ ကြိုးစားသေးတာ "

CEO Kim Où les histoires vivent. Découvrez maintenant