ကျောက်စိမ်းအဆောင်လေးနဲ့ချစ်ရသူရယ်

2.2K 53 3
                                    

ep1

🌄🌄🌄🌄🌄🌄🌄🌄🌄🌄🌄🌄

ဒေါက်..ဒေါက်

'သခင်လေး ရှောင်သခင်လေး
ကျွန်တော်တို့ မြင်းလှည်းအဆသ်သင့်ဖြစ်ပါပြီ'

'အေး ထွက်လာခဲ့မယ်
သွားတော့ အောက်မှာစောင့်နေကြ'
'ဟုတ်ကဲ့ သခင်လေး'

အခန်းအတွင်းမှ ရှောင်ကျန့် တည်းခိုဆောင် အလုပ်သမားကို
ပြန်ဖြေလိုက်ပြီး အပေါ်ဝတ်ရုံကို ဝတ်ကာ
တည်းခိုဆောင်အောက်ထပ်သို့ ဆင်းလာခဲ့သည်

အောက်ရောက်တော့ ဝမ်နင်မှ
'သခင်လေး ပိုးထည်တွေ အစဉ်သင့်ဖြစ်ပါပြီ တစ်ခုပါဘဲ
ရေခဲချည်မျင်နဲ့ ရက်ထားတဲ့ ပိုးထည်က
ညနေမှရပါမယ်တဲ့'

'သူတို့ကို ပြောထားတယ်လေ အချိန်မှီလိုချင်ပါတယ်လို့'

'ဟုတ်သူတို့လည်း အခက်အခဲပေါ်လာလို့ပါတဲ့ သခင်လေး
နောက်မဖြစ်စေရပါဘူးလို့
ပြောလိုက်ပါတယ်'

'ကျစ် ဒါဆို မင်းတို့သွားနှင့် ညနေစောင်းထိငါစောင့်ယူပြီး
လာမယ်,'

'သခင်လေးတယောက်တည်းဆိုဖြစ်ပါ့မလား မြို့နှစ်မြို့က ဝေးနေတယ်လေ
ပြီးတော့ သခင်လေး လမ်းမသိဘူးလေ'

'ရတယ် အဆင်ပြေတယ်
မင်းသာရောက်အောင်သွားလိုက် အချိန်မှီတာ လိုချင်တယ်သွားတော့'

ရှောင်သခင်လေး ရှောင်းကျန့်မှာ ဦးရီးတော်၏ သားဖြစ်၍
နန်းတွင်းမှာ မနေဘဲ အထည်အလိပ်
ဆေးဆိုးပန်းရိုက် ပစ္စည်းများဖြင့်
အပြင်မှာ ကုန်သည်လုပ်နေသူဖြစ်သည်
သူက အချိန်တိကြသလို
သူစိတ်ကွက်ရင်လည်း
ကြောက်ဖို့ကောင်းလှသည်
ကုန်သွယ်ရေးလောက၏ ဘုရင်ပင်
အားလုံးက သူ့လက်ထဲက နယ်ရုပ်လေးတွေပင်
ဘုရင်တောင် သူ့အထိရဲပေ

.......................................................
ညနေစောင်းတော့ ချည်ထည်တွေ ရောက်မလားသေး
ထပ်စောင့်နေလို့လည်းမရတာကြောင့်
ခရီးဆက်ရန်သာ ဆုံးဖြတ်လိုက်သည်

တည်းခိုဆောင်က အလုပ်သမားကို
'ငါ့ကို လာရှာရင်  နောက်တခါဆိုတာမရဘူးလို့ ငါပြောတယ်လို့
ငါအခုသွားမယ့်မြို့ကို လိုက်လာခဲ့လို့
နောက်ကျရင် ဘာဖြစ်မလဲတာ
သိတယ်မလားလို့
ကုန်အဖွဲ့ကိုပြောလိုက်'

'ဟုတ် သခင်လေး'

'ဒါနဲ့ ရိမြို့ကိုဘယ်လိုသွားရမှာလည်း ဖြတ်လမ်းရှိလား'

'ဟုတ် ရှိတယ်  သခင်လေး
ဒါမယ့်....'

'ဒါမယ့် ဘာဖြစ်လဲပြော ငါနောက်ကျတော့မယ်'
'ဟို တောအုပ်ထဲက ဖြတ်ရမှာ
အချိန်သိပ်မကြာပေမယ့်
ကျောက်စိမ်းအိမ်တော်ကြောင့်ဘယ်သူမှမသွားကြဘူး
အထူးသဖြင့် ညနေပေါ့'

'တော် ငါ့ကို လမ်းဘဲပြော'

'ဟုတ် သခင်လေး^@&#&#&#@@£#&#&#*#*@*(?$***#*#*#**'ူ'

.......................................................

ရှောင်ကျန့်တယောက် မြင်းစီးကာ ခရီးနှင်လာရင်း
သစ်တောထဲတော်တော်ရောက်လာကာ
ရုတ်တရက် မိုးရွာလာတော့

'ဟာကွာ ဘာတစ်ခုမှ အဆင်မပြေဘူး'

'ခစ်... ခစ် .. ယုန်လေးတွေ မင်းတို့ကလည်း ငါကို စကားပြောဦးလေလို့'

ရှောင်ကျန့် အသံကြားရာ ကြည့်လိုက်တော့
မိမိရှေ့က အိမ်တော်ဘဲ
ယုန်လေးတွေနဲ့ စကားပြောကာ
ပါးလေတွေ ဖောင်းဖောင်းလေးနဲ့
ဖြူဖွေးတဲ့ အသားအရည်နဲ့
နီထွေးနေတဲ့ နှုတ်ခမ်းရှိသူလေး

အတော်ကြာငေးကြည့်နေမိတော့
သူလေးက ကိုယ့်ကို လှည့်မကြည့်ဘဲနဲ့

'ဝေ့ ရှေ့က သခင်လေး မိုးခိုလို့ရတယ်
အိမ်တော်ထဲဝင်လေ'

ကျွန်တော် ဘာကြောင့်မှန်းမသိ
သူ့စကားတွေကိုနားထောင်နေမိသည်
ကိုယ်တိုင်မသိလိုက်ခင်မှာ
အိမ်တော်ထဲ ရောက်နှင့်သွားပြီ

ရှောင်ကျန့်တကယ်
မသိလိုက်တာက
အိမ်တော်အဟောင်းကြီးဟာ
သစ်လွင်နေတဲ့ ပုံစံနဲ့
သူရှေ့မှာပေါ်လာတယ် ဆိုတာကို
သူမသိလိုက်တာပါ။

😘😘😘😘😘😘😘😘😘😘😘😘
သာသာfbမှာတင်ပြီးပေမယ့်
wpကို ခုမှ ဖွင့်တတ်လို့
ခုမှတင်ဖြစ်တာပါ
သိပ်လည်မသုံးတတ်သေးပါဘူး။
vote နဲ့ မန့်လေးတွေ မျှော်နေပါတယ်။
😢

ကျော်စိမ်းအဆောင်လေးနဲ့ ချစ်ရသူရယ်(S1 complete)Where stories live. Discover now