#Zawgyi#
"ကျန့်ကျန့်ရေ....ကျန့်ကျန့်...''
ရှောင်ကျန့် မျက်နှာချင်းဆိုင်အိမ်က ဦးလေးဝမ်ခေါ်သံကို ကြားလိုက်ရ၍ ပြင်လက်စဓာတ်ပုံတွေကို ခဏရပ်ကာ computerကို shutdownချလိုက်တယ်။
"သားရေ...ဦးလေးဝမ်ခေါ်နေတယ်...''
"ဟုတ်ကဲ့...မေမေ ကြားပါတယ်...''
မေမေက မကြားမှာစိုး၍ ကူအော်ပေးနေတယ်။
ရှောင်ကျန့် ကျိုးချန်ပို့ပေးထားတဲ့ ဓာတ်ပုံတွေကို ပြင်နေတုန်း ဦးလေးဝမ်ခေါ်သံကြောင့် သွားဖို့ ပြင်လိုက်တယ်။ရိပေါ်စိတ်ကေါက်နေလို့ ခေါ်တာပဲလို့
ထင်လိုက်တယ်။ဒါမျိုးက အမြဲဖြစ်နေကြပဲ။ရှောင်ကျန့်တို့ မိသားစုနဲ့ ရိပေါ်တို့ မိသားစုက နှစ်အိမ်တစ်အိမ်ဆွေမျိုးအရင်းအချာတွေလို နေကြတယ်။သူ့မိဘတွေက အသက်ကြီးမှ အိမ်ထောင်ကျကာ သူ တစ်ယောက်ကိုပဲ ကံကောင်းထောက်မလို့ ရလိုက်တယ်။ ဦးလေးဝမ်တို့ကတော့ ကျိုးချန်ပြီးတော့ ရိပေါ်လေးကိုပါ ထပ်မွေးတယ်။ ညီလေးထပ်လိုချင်တဲ့ သူ့အတွက်တော့ ရိပေါ်က အသည်းကျော်လေး။ ဖေဖေနဲ့မေမေကလည်း ရိပေါ်ကို သားအရင်းလို အရမ်းချစ်ကြတယ်။ ရိပေါ်က ကံကောင်းတယ်။နှစ်အိမ်လုံးက သည်းသည်းလှုပ်ချစ်လို့လေ။
ရှောင်ကျန့် လမ်းကိုကူးကာ မျက်နှာချင်းဆိုင်က
ဝမ်အိမ်ကို သွားလိုက်တယ်။"ဦးလေးဝမ်...''
"အေး...ကျန့်ကျန့်...မင်းညီကို စာမကြည့်လို့ ပြောမိတာလေးကို ဦးလေးတို့ကို စိတ်ကောက်ပြီး အခန်းတံခါးပိတ်ထားတယ် နေ့လည်စာလည်း ထွက်မစားဘူး...သူ့အစ်ကိုကလည်း
သိတဲ့အတိုင်းပဲ အပြင်ကိုသွားတာဆိုတေယ်... ကျန့်ကျန့်ပဲ ချော့ပေးပါဦးကွာ...''"ဟုတ်တယ် ကျန့်ကျန့်ရေ...အန်တီက ဟုတ်သားပဲ သားငယ်လေးရယ် လို့ ပြောမိတာကိုလည်း စိတ်ကောက်နေတယ်...''
"ဟုတ်ကဲ့...''
ရှောင်ကျန့် အပေါ်ထပ်ကို တက်လာခဲ့လိုက်သည်။ရိပေါ် ဦးလေးဝမ်တို့ကို စိတ်ကောက်ရင် သူ့အစ်ကိုကြီးကျိုးချန်က လိုချင်တာဝယ်ပေးမယ်ပြောပြီး အမြဲချော့တတ်တယ်။ခု ကျိုးချန်က ယွီပင်းတို့နဲ့အတူ မွေးနေ့ပွဲတစ်ပွဲမှာ ဓာတ်ပုံရိုက်သွားနေတာဆိုတော့ သူတစ်ယောက်ပဲ ချော့ဖို့ ရှိတော့တယ်လေ။
YOU ARE READING
You're The Gift For Me (Completed)
Fanfiction(Zawgyi) ငယ်ငယ်တုန်းကတော့ ရိပေါ် ပါးဖောင်းဖောင်းလေးကို မွှေးမွှေးပေးရတာကြိုက်တယ် ခုကြီးလာတော့ ရိပေါ်နှုတ်ခမ်းအိအိလေးကို နမ်းရတာ ကြိုက်တယ် Xiao Zhan (Unicode) ငယ်ငယ်တုန်းကတော့ ရိပေါ် ပါးဖောင်းဖောင်းလေးကို မွှေးမွှေးပေးရတာကြိုက်တယ် ခုကြီးလာတော့ ရိပေါ်နှုတ...