(Unicode)
ဒီနေ့ကတော့ နယ်မြို့လေးတစ်မြို့ကိုပြောင်းလာပြီးနောက် ကျောင်းစတက်ရတဲ့ ပထမဆုံးနေ့ဖြစ်သည်။
ပထမဆုံးစတက်တဲ့နေ့ဖြစ်တဲ့အတွက်ကြောင့် ကျောင်းနောက်ကျရင် အူလည်လည်ဖြစ်နေမှာစိုးလို့ မနက်ရှစ်နာရီကတည်းက အတန်းထဲရောက်နေ၏။
အတန်းထဲမှာ ဘယ်သူမှမရှိတဲ့အတွက်ကြောင့် အစောဆုံးရောက်နေတာက ကျောင်းသားသစ်ဖြစ်တဲ့ အထက်တန်းဒုတိယနှစ် ၁၇နှစ်အရွယ်ကျောင်းသားသစ် ဝမ်ရိပေါ်ပဲဖြစ်သည်။
အခန်းထဲက ခုံတွေ သုံးတန်းစီထားတဲ့အထဲမှာ အလယ်တန်းက အလယ်လောက်ကျမယ့် ခုံတစ်ခုမှာ ရိပေါ်ဝင်ပြီးနေရာယူလိုက်သည်။
ထိုင်ခုံမှာထိုင်ရင်း အခန်းထဲကို ဝေ့ဝဲကြည့်နေမိသည်။ မြို့မှာတုန်းက သူတက်ခဲ့တဲ့ ကိုယ်ပိုင်ကျောင်းနဲ့ ဒီကျောင်းနဲ့ကတော့ တကယ့်ကို ဆီနဲ့ရေပဲဖြစ်၏။
ဒါပေမယ့်လည်း အဆင်ပြေပါသည်။ ဒီနေရာကို ကိုယ်တိုင်ရွေးချယ်ပြီးမှ ကိုယ့်ဆုံးဖြတ်ချက်နဲ့လာခဲ့တာကြောင့်ပင်။
လက်ပတ်နာရီကိုငုံ့ကြည့်လိုက်တော့ ရှစ်နာရီခွဲပြီ။
အတန်းထဲမှာ ဟောဟဲဟောဟဲနဲ့ အပြေးဝင်လာတဲ့သူကိုကြည့်လိုက်တော့ အစ်ကိုတဝမ်းကွဲ ယွီပင်း။
ကြည့်ရတာ သူ့နောက်ကို အပြေးလိုက်လာတဲ့ပုံပဲလို့ ရိပေါ်တန်းသိလိုက်သည်။
" မင်းငါ့ကိုလည်းမစောင့်ဘူး ဟူး မောလိုက်တာ မင်းနောက်လိုက်လာရတာ "
ရိပေါ်က သူ့အစ်ကိုတစ်ဝမ်းကွဲဖြစ်တဲ့ ယွီပင်းနဲ့က အတန်းအတူတူပဲဖြစ်သည်။ဒါပေမဲ့ ယွီပင်းက အသက် နှစ်ဆယ်ဖြစ်၏။
ဒီအရွယ်ကတက္ကသိုလ်တက်ရမယ့်အရွယ်ဆိုပေမယ့် အထက်တန်းဒုတိယနှစ်ကို သုံးကြိမ်ကျထားတဲ့ ယွီပင်းက တကယ့် အပေအတေကောင်ဖြစ်သည်။
" မင်းကိုစောင့်နေရရင် ကြာတယ်။ ချီးပါလိုက် သေးပေါက်လိုက်နဲ့ မပြီးနိုင်တော့ဘူး "
" ငါမင်းကိုခန အိမ်သာသွားတက်ဦးမယ်လို့ပြောသားပဲ ။ "
ယွီပင်းက ရိပေါ်ဘေးနားမှာထိုင်ချဖို့လုပ်တော့ ရိပေါ်က မျက်လုံးကို လှန်ကြည့်သည်။
YOU ARE READING
Let Me Be The One (Zhanyi)