06

1.6K 286 26
                                    


Unicode

ရှောင်းကျန့်က သူ့ရဲ့အချစ်မျိုးစေ့လေးတွေကို နှလုံးအိတ်လေးထဲမှာ တစ်သက်လုံးစာထုပ်သိမ်းခဲ့သည်။
ရည်ရွယ်ချက်တွေမပါ။
မတော်တဆအဖြစ်အပျက်လေးပါပဲ။

ကျောပြင်လေးတစ်ခုကို လက်လှမ်းခဲ့မိသည်။
ရစ်တွယ်လာတဲ့ကြိုးစအဖြူလေးအပြင် မမြင်နိုင်သည့်ကြိုးတွေပါကပ်ညှိသည်ထင်။
နှလုံးအိတ်ထဲက မျိုးစေ့လေးတွေက ဖွာခနဲ။
တည်နေရာက အလှတရားလေးဆီ။
မီးခိုးရောင်မျက်ဝန်းမှိုင်းလေးတွေဆီ။

နှလုံးအိတ်လေးက နင့်နင့်နဲနဲလစ်ဟင်းသွားရတဲ့အတွက် အလျော်အစားတွေပြန်တောင်းဆိုချင်ပါသည်။
အချစ်မျိုးစေ့လေးတွေရဲ့ ရှင်သန်လာမှုကိုတာဝန်ယူပေးချင်စေသည်။
တာဝန်မဲ့ချင်လျှင်တော့ အလှတရားလေးကိုပဲ လစ်ဟာသွားရတဲ့နှလုံးအိတ်လေးထဲမှာ အစားထိုးသိမ်းထုပ်ပစ်လိုက်မည်။

"မရဘူး!!!"

သွေးကြောတွေက တုန့်ခနဲ။
အတွေးတွေက တိခနဲပြတ်သည်။

"မရဘူးနော် ပေါက်စီနှစ်လုံးနဲ့ကြေးလာမညှိနဲ့"

ရှောင်းကျန့်ရဲ့ လက်ခလယ်နှင့်လက်ညိုးကွေးထားသည့် လက်ဆစ်က ယွမ်ယွမ်ရဲ့ခေါင်းထိပ်ကို အားသိပ်မပါပေမယ့် အသံမြည်အောင်ခေါက်ချပစ်သည်။

"တိုင်ပြောမယ်
အငယ်ကိုရိုက်တယ်
ကိုကိုရိပေါ်နဲ့တိုင်ပြောမယ်"

"တိုင်ပြောရဲလား
ဒီထက်နာအောင်ခေါက်ပစ်မယ်"

"လူယုတ်မာကြီး"

"အကြီးကိုဆဲတယ်
ရိပေါ်နဲ့တိုင်ပြောမယ်"

နောက်မှပေါက်သည့်ရွှေကြာပင်က အကဲပိုချင်သည်။
ယွမ်ယွမ်ရဲ့ ရိပေါ်ကိုအကြိုအပို့လုပ်ပေးရတဲ့ခရီးတိုကို ရှောင်းကျန့်ကကြားဝင်ဖြတ်လုချင်သည်။
တန်ရာတန်ကြေးညှိတာက ပေါက်စီနှစ်လုံး။
ယွမ်ယွမ်ကတော့ တုတ်ထိုးအချိုလုံးနှစ်ခုကိုပါထပ်ပေါင်းပေးမှ အပေးအယူကိုကြေအေးမည်။

GREY Where stories live. Discover now