04

1.6K 285 19
                                    


Unicode

မျက်စိတစ်မှိတ်အချိန်ကာလက ရှောင်းကျန့်အတွက်ရှည်ကြာလွန်းသည်။
မှုန်မွှားမွှားကျနေသည့် နှင်းပွင့်တွေတောင်မှ ရှောင်းကျန့်ရဲ့အာရုံထဲမှာ အနှေးပြဇာတ်တစ်ခုလိုပဲ။
ဒါမှမဟုတ် ရှောင်းကျန့်ကတခြားမည့်သည့်အရာကိုမျှအာရုံမစိုက်နိုင်အောင်  သည်ယောက်ကျားငယ်လေးဆီမှာ စိတ်ရောကိုယ်ပါ  ရွံ့နွံတစ်ခုထဲကျရောက်နေသလို နှစ်မြှပ်နေမိခြင်းလည်း ဖြစ်နိုင်သည်။

"စိတ်မရှိပါဘူး
ဒါဆို..."

တငေးတမောရှုစိမ့်သည့် ရှောင်းကျန့်ကို
တုန့်ပြန်မှုအကြည့်တစ်ချက်တောင်မစွန့်ကျဲဘဲ မျက်လွှာတွေချထားဆဲဖြစ်သည့်အဖြူရောင်လေးက ခေါင်းတချက်ငြိမ့်ရုံ အသိအမှတ်ပြုပြီး ထွက်ခွာဖို့ပြ
င်သည်။
ကိုယ်လျလျလေးက ရပ်တန့်နေရာမှအနည်းငယ်လှုပ်ရှားလိုက်ရုံနှင့် ရှောင်းကျန့်ကစိုးရိမ်တကြီး အဖြူရောင်လေးရဲ့လက်ကောက်ဝတ်တစ်ဖက်ကို ယောင်ယမ်းပြီး အားပါပါဆုပ်ကိုင်မိသည်။

"အာ့!"

နာကျင်မှုကြောင့်ထွက်ပေါ်လာသည့် ငြင်းသံသဲ့သဲ့လေးကြောင့် သတိမူမိတော့ ဆုပ်ကိုင်မိလိုက်သည့် လက်ကောက်ဝတ်ပိန်လှီလှီလေးက ရှောင်းကျန့်ရဲ့လက်ရာအတိုင်း နီရဲသည်။

ရှောင်းကျန့်ရဲ့လက်ရာနီနီထင်ကျန်နေတဲ့ နှင်းရည်လိုဖြူဖွေးသည့်လက်ကောက်ဝတ်သေးသေးလေးကို လက်နှစ်ဖက်စလုံးနှင့် တယုတယကိုင်တွယ်ပြီး ရှောင်းကျန့်ရဲ့မျက်နှာဟာ စိတ်မကောင်းခြင်းတွေပြည့်နှက်နေသည်။
သည်အဖြစ်အပျက်ကိုမသိတဲ့တခြားသူတစ်ယောက်ကိုသာ ရှောင်းကျန့်မျက်နှာကိုအကဲခတ်ခိုင်းမယ်ဆိုရင် ရှောင်းကျန့်ကအပြစ်မဲ့တဲ့လူတစ်ယောက်ကိုသတ်ပစ်မိထားပြီးယူကြုံးမရဖြစ်နေတယ်လို့ တွေးမိမှာပဲ။

"အရမ်းနာသွားမှာပဲ"

လက်ကောက်ဝတ်တွေကို လွှတ်ပေးခြင်းမရှိဘဲကိုင်တွယ်ထားဆဲ ဖြစ်တာကြောင့် ခန္ဓာကိုယ်အနေအထားကပိုမိုနီးကပ်သည်။
တစ်ချိန်လုံးမျက်လွှာချထားနေတဲ့သူလေးက
သည်တစ်ချိန်မှာတော့ မျက်တောင်ပါးလေးတွေကိန်းဝပ်ရာ မျက်ခွံပါးလေးက လှုပ်ရှားစပြုသည်။

GREY Where stories live. Discover now