09

2.1K 198 42
                                    

Unicode

ပန်းပွင့်ဆိုသော နူးညံ့သည့်သဏ္ဍန်လေးက ပွင့်လွှာချပ်လေးတွေစုစည်းပြီးမှ အသွင်ပေါ်သည်။
ရှောင်းကျန့်ရဲ့အသည်းနှလုံးကတော့ ချစ်သက်ငယ်လေးဆိုသည့် ပွင့်ဖတ်လွှာလေးတွေနှင့် ဖွဲ့စည်းသည်။
နှလုံးသားမှသင်းပျံ့သည့် ရနံ့တွေဖြင့်ချစ်သက်ငယ်လေးကိုမွှေးပျံ့စေဦးမည်။

"ရိပေါ်"

"ဗျာ"

"ရိပေါ် ရိပေါ် ရိပေါ်"
ရှောင်းကျန့်က တိုင်လုံးတစ်ခုကိုပျင်းရိပျင်းတွဲမှီထိုင်ရင်း ထိုနာမည်ကိုတကျော်ကျော်ခေါ်သည်။

"ဟင်း..ကျွန်တော့်နာမည်က အဲ့သည်လောက်ခေါ်လို့ကောင်းလား"
သူ့နာမည်ကိုအထပ်ထပ်အခါအခါအခေါ်ခံရသည့်ရိပေါ်က သက်ပျင်းချသံဟန်လေကိုမှုတ်ထုတ်လိုက်ပြီး ချေပသည်။
မျက်နှာလေးကတော့ ပြုံးမြဲဖြစ်သည်။

သူ့ချစ်သက်ငယ်လေးရဲ့နာမည်က ရိပေါ်ဖြစ်နေနေ၊ စန်းပေါ်ဖြစ်နေနေ ရှောင်းကျန့်အတွက်တော့ခေါ်လို့ကောင်းနေမှာဖြစ်သည်။
နာမည်ကလည်းခေါ်လို့ကောင်းသည်။
မျက်နှာလေးကလည်း ကြည့်မဝဖြစ်သည်။ ရှောင်းကျန့်က အနမ်းမိုးတွေရွာသွန်းပစ်ချင်သည်။
ယခုကတော့ အချစ်မိုးတွေရွာသွန်းဖြို့ နှလုံးသားတိမ်တိုက်တွေမှာ ရေခိုးရေငွေ့လေးတွေစုဆောင်းနေသည့်အချိန်ဖြစ်သည်။

"ဒီအကောင်လေးတွေက တချိန်လုံး နေရာယူနေတော့မှာလား"

တပလ္လင်ခွေထိုင်နေသည့်ရိပေါ်ပေါင်ပေါ်မှာ နေရာယူနေသည့် ကြောင်လေးနှစ်ကောင်ကို ဂုတ်ကနေဆွဲယူပြီး သူတို့ရဲ့အသိုက်ဖြစ်သည့် ဝါးခြင်းတောင်းလေးထဲကိုထည့်ပစ်လိုက်သည်။
မျက်လုံးပွင့်ကာစကြောင်ပေါက်စနလေးတွေက တအိမ်လုံးပတ်ပြေးနေလို့ ရိပေါ်ကရှာမတွေ့ရင် မျက်စိမျက်နှာအပျက်အပျက်။
ဒါကြောင့် ရိပေါ်အလွယ်တကူရှာလို့ရပြီး ပေါက်စနလေးတွေအပြင်လျှောက်ပြေးလို့မရတော့အောင် ရှောင်းကျန့်ကဝါးခြင်းတောင်းလေးလုပ်ပေးထားလိုက်သည်။

You've reached the end of published parts.

⏰ Last updated: Jul 17, 2021 ⏰

Add this story to your Library to get notified about new parts!

GREY Where stories live. Discover now