05

1.8K 274 17
                                    


Unicode

ကျောပြင်သေးသေးလေးက ငြိမ်သက်သွားသည်အထိ မျက်တောင်မခတ်ငေးမောနေမိသည်ကြောင့် ရှောင်းကျန့်ရဲ့အိပ်စက်ချိန်က ညဉ့်နက်သည်။
ရေပြင်မှာရေးဆွဲတဲ့အရုပ်လိုရေရာမှုမရှိသည့် နီးစပ်လိုတဲ့စိတ်ဆန္ဒတွေကိုလည်း ရှောင်းကျန့်က နက်နက်နဲနဲအဖြေထုတ်မိခဲ့တာကြောင့်လည်းဖြစ်သည်။

မျက်နှာကိုပွတ်သပ်နေသည့် အမွှေးနုနုလေးတွေကြောင့် ရှောင်းကျန့်ကအိပ်ရေးမဝသေးပေမယ့် နိုးထလာရသည်။
အိပ်ယာတစ်ဖက်ခြမ်းက အလှတရားလေးရဲ့အိပ်စက်ရာနေရာကတော့ လွတ်လပ်နေပြီဖြစ်သည်။

အမွှေးနုလေးတွေရဲ့တရားခံဖြစ်သည့် ကြောင်ဖြူလေးကတော့ ရှောင်းကျန့်ကိုစူးစမ်းဟန် မျက်လုံးဝိုင်းလေးတွေနှင့်ကြည့်သည်။
နားရွက်ထောင်ထောင်လေးတွေနှင့် ခေါင်းသေးသေးလုံးလုံးလေးကို စောင်းငဲ့ကာ စူးစမ်းနေပုံက သူ့ရဲ့ဖေဖေလေးလိုပဲ ချစ်ဖို့ကောင်းသည်။

"လာခဲ့
မင်းရဲ့ ဖေဖေလေးရော"

အလှလေးက သည်ကြောင်ငယ်လေးကို သမီးလေးလို့ခေါ်တာကြောင့်
ရှောင်းကျန့်က အလှလေးကို ဖေဖေလေးဆိုပြီး ချစ်စဖွယ်ကင်ပွန်းတပ်ချင်သည်။

"မြောင်..."

အားပါပါထွေးပိုက်မိသည့်ရှောင်းကျန့်ကို ထိတ်လန့်ပုံရသည့် ကြောင်လေးက တညောင်ညောင်အော်မြည်တော့သည်။
မနှစ်မြို့ဟန်ပြသည့်ကြောင်လေးကိုထွေးပိုက်ရာကနေချပေးလိုက်ပြီး ရှောင်းကျန့်က ဝါးအိမ်သေးလေးရဲ့အပြင်ကိုထွက်လာသည်။

ဝါးအိမ်ရဲ့ဘေးနံရံမှာ အမှီချထားသည့် တဲလေးထဲမှမီးခိုးတလူလူထွက်သည်။
မီးတောက်လောင်နေသည့် မီးဖိုရှေ့မှာ အလှလေးက တကုပ်ကုပ်နဲ့အလုပ်ရှုပ်နေသည်။

နီးကပ်လာသည့်ရှောင်းကျန့်ရဲ့ ခြေသံတွေကိုသတိပြုမိပုံရတဲ့ အလှလေးက မီးဖိုရှေ့ကနေထလာပြီး ရှောင်းကျန့်ရှိရာဘက်ကိုမျက်နှာမူသည်။

"နိုးပြီလား
မနေ့ညက အိပ်ပျော်ရဲ့လား"

အသံကြည်ကြည်လေးနှင့် လိုက်ဖက်စွာ
နူတ်ခမ်းနုထွေးလေးကို ကော့ညွှတ်ဖို့ကိုလည်း မမေ့မလျော့ပါပဲ။
ရှောင်းကျန့်ရဲ့ အရူးအမူးဖြစ်လာစိတ်ကလည်း လေမုန်တိုင်းတစ်ခုလို ထိန်းမနိုင်သိမ်းမရ ပြင်းပြင်းထန်ထန်ပါပဲ။

GREY Where stories live. Discover now