07

1.8K 285 39
                                    

Unicode

'ထမင်းဆီဆမ်း ရွှေလင်ပန်းနှင့်ပေးပါ 'လို့ဖိုးလမင်းကြီးကိုတောင်းဆိုကြသည့် သားချော့တေးလေးနှင့်ဆင်တူစွာ။
'အချစ်တွေဆမ်းသည့် ရိပေါ်လေးကိုပေးပါ'
လို့ တောင်းဆိုချင်သည်။

အချစ်တွေမဆမ်းသည့် ရိပေါ်လေးကိုမလိုချင်သလို။
ရိပေါ်လေးမပါသည့် အချစ်တွေကိုလည်းမလိုချင်ပါ။
အချစ်တွေရော၊ ရိပေါ်လေးရော
နှစ်ခုလုံးကို အပိုင်စားရမှသာစိတ်လက်ကြည်သာမည်။

ရတာမလို၊လိုတာမရတာက လူ့ဘဝဖြစ်သည်။
ရှောင်းကျန့်ဘဝကတော့ လိုတာလည်းမရသလို၊ရှိတာလေးတွေပါပြန်ယူသွားခံရသောကြောင့် လူသားမဆန်အောင်ပင်ကံကြမ္မာကရက်စက်သည်။

အခင်းစောင်သေးသေးလေးတစ်ခုပေါ်မှာ အစွန်းဘက်စီကပ်ပြီးအိပ်စက်ကြပေမယ့်လည်း
အိပ်မောကြပြီဆိုလျှင် ရိပေါ်က ရှောင်းကျန့်ရင်ခွင်ထဲမှာ အလိုက်သင့်လေးရောက်ရှိနေမြဲဖြစ်သည်။
အခင်းစောင်လေးက သိပ်သေးငယ်လွန်းတာကြောင့်လည်းဖြစ်နိုင်သည်။
ပွေ့ဖက်ချင်တဲ့လူက သိပ်အခွင့်ကောင်းယူလွန်းတာကြောင့်လည်းဖြစ်နိုင်သည်။
ကွေးကွေးလေးနဲ့ငြိမ်ငြိမ်လေးအိပ်တတ်သည့်ရိပေါ်ကတော့ ကြံရာပါလေးမဖြစ်နိုင်တာသေချာသည်။
ရှောင်းကျန့်ရဲ့ အခွင့်အရေးကောင်းကိုလက်ဝယ်ပိုင်ဆိုင်ကံထူးရတာ ရက်သတ္တပတ်တစ်ခုကြာချိန်အထိသာဖြစ်သည်။

ထုံးစံအတိုင်းမူမပျက် ဆောင်ကြာမြိုင်ကို ညနေအကြိုတော်သွားချိန်
ရိပေါ်ရဲ့လက်ထဲမှာ အထုပ်လေးတစ်ခုပါလာသည်။
"အစ်မလင်းကို အခင်းစောင်တစ်ခုဝယ်ခိုင်းထားတာ ကျပ်ကျပ်တည်းတည်းအိပ်စရာမလိုတော့ဘူး ကောင်းတယ်မလား"တဲ့။
ဟင့်အင်း မကောင်းဘူး။
မပျော်ဘူး။
ပုလ္လင်ပျောက်သည့်ဘုရင်ကြီးလို၊ပင်လယ်ပျောက်သည့်နဂါးကြီးလို
လက်လွှတ်ဆုံးရှုံးရမှုကကြီးမားလွန်းလို့ ရှောင်းကျန့်ကမနေပျော်တော့ဘူး။
ကိုယ့်ငွေ့နွေ့နွေ့လေးကို ရင်ဝယ်မပိုက်ရတော့မှာကိုတွေးပြီး မပျော်နိုင်တော့ဘူး။

--------

ရှင်သန်မှုက အခွံထဲပုန်းအောင်းနေသည့်ကမာကောင်လေးလို ခပ်ကျဉ်းကျဉ်း၊ မှောင်မိုက်မိုက်လေးဖြစ်သည်။
နေသားကျနေပြီဖြစ်သည့် ဝါးအိမ်အိုလေးရယ်။
ကြောင်လေးတစ်ကောင်ရယ်။

GREY Where stories live. Discover now