03

1.7K 289 5
                                    


Unicode

ရာသီကာလသည် နေ့တာတိုပြီးညတာရှည်သော ဆောင်းရာသီဖြစ်သည်။
ဆောင်းရဲ့ညဉ့်နက်တွေက အချိန်စောလင့်စွာ လူခြေတိတ်ပြီ။
နွေဦးသာဆို သည်လိုထိန်ထိန်ညီးသည့်လပြည့်ညတွေမှာ ပွဲလမ်းသဘင်တွေနှင့် ဆည်ကားပေလိမ့်မည်။

အိမ်ခေါင်မိုးတွေရဲ့တံစက်မြိတ်မှ တွဲခိုကျသောဆီးနှင်းတွေ မြေကြီးနှင့်ထိတွေ့ချိန်တွင်မြည်သောအသံက တတောက်တောက်။
လေလွင့်ခွေးတွေဆိုလျှင်ပင် သည်အချိန်တွင်ချောင်တစ်ခုမှာ နွေးလိုနွေးငြားခွေနေမည်။

"ပြန်လိုက်ခဲ့ပါ ရှောင်းကျန့်ရဲ့
ဒီလိုသာဆို ငါအသတ်ခံရလိမ့်မယ်"

လုကျင်းက ဒေါသကြောင့် ရာထူးတွေ၊အဆင့်အတန်းတွေကိုထည့်မတွက်နိုင်တော့ဘဲ နာမည်အရင်းကိုတွင်တွင်ခေါ်ပြီး ရှောင်းကျန့်ကိုဆွဲလားရမ်းလားလုပ်သည်။
တိတ်ဆိတ်နေသည့်စျေးတန်းတွေရဲ့လမ်းကြားမှာ လုကျင်းရဲ့အသံက လှိုဏ်သံတွေထွက်မတတ်ကျယ်လောင်သည်။

"အပိုတွေပြောပြီ
မင်းကိုဘယ်သူကသတ်ရဲမှာလဲ
ဘယ်သူမေးမေး ဟန်ဒေသဘက်ကိုအလည်ရောက်သွားပြီလို့ပြော
ကြားလား"

လက်အောက်ငယ်သားလည်းဖြစ် ငယ်ငယ်ကတည်းကနိုင်စားနေကျ လုကျင်းကိုရှောင်းကျန့်က လက်ညိုးတထိုုးထိုးနဲ့ ပြောဆိုသည်။

"သနားပါဦး
ဒီက ငယ်ကျွန်ကြီးကိုသနားပါဦး"

"သွား သွား
နားငြီးတယ်"

မကျတဲ့မျက်ရည်တွေကိုဖျစ်ညစ်ပြီး ငိုသံပါကြီးနှင့်အော်ဟစ်နေတဲ့ လုကျင်းကိုရှောင်းကျန့်က ဖင်နှစ်ချက်လောက်ဆောင့်ကန်ပေးလိုက်သည်။
လုကျင်းကတော့ နာသွားတဲ့ဖင်လေးကို ကိုင်ပြီး ရှောင်းကျန့်ကိုနောက်ပြန်လှည့်ကြည့်လှည့်ကြည့်နှင့်သွားရတော့သည်။

ရှောင်းကျန့်က လုကျင်းရဲ့ဆွဲရမ်းမှုကြောင့်တွန့်ကြေသွားသည့် ဝတ်ရုံကိုပြန်ဆွဲချသည်။
ခပ်မြင့်မြင့်ချည်နှောင်ထားသည့် ဆံနွယ်တွေကိုတင်းနေအောင် ပြန်ချည်နှောင်သည်။
ခြေဦးတည့်ရာလေလွင့်ဦးမည့်ခရီးက စိတ်နှလုံးတွေထိရွှင်ပြုံးရပါသည်။

GREY Where stories live. Discover now