Part(5.9)

13.5K 1.3K 18
                                    

ရှောင်ကျန့် နန်ဟူရှီးအား သေချာကြည့်လိုက်သည်။သူ ဟော်မင်စစ် မှတ်ဉာဏ်တွေကို ရှာကြည့်ပေမဲ့ မတွေ့ပေ။

ဆက်မစဥ်းစားတော့ဘဲ ဇာတ်လိုက်တို့ရဒ့ အခြေအနေကိုသာ ကြည့်လိုက်တော့သည်။

"အခု မိဖုရားကို စွပ်စွဲရတဲ့ သက်သေပြပေးပါ..."

အမတ်တစ်ယောက်က နန်ဟူရှီးအား ပြောလိုက်သည်။ထိုအမတ်က ကျန်းရှရီ၏ ဖခင်ပင်။

"အမတ်ချုပ် မလောပါနဲ့.....ဒီပုဝါလေးကို ကြည့်လိုက်ပါ...."

နန်ဟူရှီးပြလိုက်တဲ့ ပုဝါဟာ ကျန်းရှရီကိုင်လေ့ရှိတဲ့ ပုဝါဖြစ်သည်။ကျန်းရှရီ ထိတ်လန့်သွားသည်။

"မိဖုရားကျန်း ဘာများပြောချင်လဲ မသိဘူး...ကျွန်တော် ဒီပုဝါကို ဟော်မင်ယွန်း သေဆုံးတဲ့နေရာက ရခဲ့တာ...."

"နင်...နင်ငါ့ကို မစွပ်စွဲနဲ့....ငါလုပ်တာ မဟုတ်ဘူး...."

"ဒါဆို ဒါကကော ဘယ်လိုရှင်းမလဲ..."

နန်ဟူရှီး ပြလိုက်တာက ဆံထိုးတစ်ခုပင်။ထိုဆံထိုးက အရင်မိဖုရားက ကျန်းကတော်အတွက် ချီးမြှင့်ထားတဲ့ ဆံထိုးဖြစ်သည်။ကျန်းကတော် မရှိတော့တာကြောင့် ကျန်းရှရီသာ ပိုင်ရှင် ဖြစ်သည်။

ကျန်းရှရီ အကုန်လုံးက သူ့အား ကြည့်ကာ တီးတိုးပြောဆိုလာတာကြောင့် ဒေါသတွေထွက်ကာ စိတ်လွတ်သွသည်။

"ငါသူ့ကို သတ်တော့ကော ဘာဖြစ်လဲ....သူသေတာဘဲလေ....ဟားဟား...."

"မင်း...."

ရှောင်ကျန့် ထိုအရူးမကိုကြည့်ကာ ဒေါသထွက်သွားသည်။သူက အမြဲ သူဝင်တဲ့ဇာတ်ကောင်တွေရဲ့ ခံစားချက်ကို ဖိနှိပ်နိုင်ခြင်း မရှိပေ။ဘာကြောင့်လဲဆိုတော့ သူက စိတ်ထားနူးညံ့နေလို့ ဖြစ်လိမ့်မည်။

"နင်တို့တွေ....နင်တို့တွေ... ငါသူ့ကို သတ်တာ မသိကြဘူးမလား....တုံးချက်ဘဲ..."

"မင်းဘာလို့သူ့ကို သတ်တာလဲ...."

ချန်ယွိဖေ အမတ်တွေကို လက်ညှိုးထိုးကာ ရူးနှမ်းနှမ်း ဖြစ်နေသည့် ကျန်းရှရီအား မေးလိုက်သည်။

"ဘာလို့ သတ်တာလဲဆိုတော့....မုန်းလို့....ငါသူ့ကို မုန်းတယ်....သူက ငါ့ရဲ့မိဖုရားနေရာကို လုမှာမို့လို့....ဟားဟား..."

Undying love system(Completed)Where stories live. Discover now