(7)

9.7K 935 28
                                    

(A/N:မှောင်လို့ကောင်းမဲ့ အနေအထားမဟုတ်လို့ မမှောင်တော့ပါဘူးနော်😁)

ရှောင်ကျန့်ဟာ ရမ်နဲ့ ပါသွားပြီး အစားခံလိုက်ရတာကြောင့် အိပ်ရာထဲက မထနိုင်ဖြစ်နေလေသည်။

'ဘဝကြီးက ရုပ်ရှင်ဆန်လွန်းတယ်'

'ဘာလို့လဲ'

'ဝမ်ရီပေါ်နဲ့ ငါ့ကိုဘဲကြည့်.....တွေ့တာက ဒုတိယအကြိမ်ဘဲရှိသေးတယ် အစားခံလိုက်ရပြီ...ဒါက လက်တွေ့ဆန်တယ်လို့များ ထင်နေတာလား'

'ဟုတ်တာတော့ဟုတ်တယ်.....ဒါပေမဲ့ hostသူ့ကိုကျေးဇူးတင်သင့်တယ်'

'ဘာလို့လဲ'

'တွေ့တွေ့ချင်း အစားမခံရတာကိုလေ'

'Fuck. ...မင်းဘဲ အဲ့လိုအစားခံရမှာ'

ရှောင်ကျန့်မှာ ထချင်သော်လည်း သူ့အနောက်ကနေ ဖက်ထားတဲ့ လက်ကြောင့် မထနိုင်ဖြစ်နေသည်။

'Dramaမဆန်ဘူး'

'ခုနကပြောတော့ ရုပ်ရှင်ဆန်တယ်ဆို'

'ဇာတ်ကားတွေထဲမှာဆို ကောင်မလေးမနိုးခင် ကောင်လေးက အရင်နိုးပြီး မျက်နှာလေးကို တစိမ့်စိမ့်ကြည့်နေရမှာလေ....အခုတော့ ငါက အရင်နိုးနေတယ်'

'ဒါဆိုလည်း အိပ်ချင်ယောင်ဆောင်ပြီး သူနိုးလာတာကို စောင့်လေ'

'အဲ့လိုကလေးကလားအလုပ်တွေ ငါမလုပ်ဘူး'

ထိုစကားပြောပြီးနောက် ရှောင်ကျန့်ဟာ ပြန်အိပ်လေသည်။

'ပြောတော့ အဲ့လိုမလုပ်ဘူးဆို'

'ငါက ပြန်အိပ်တာ....အိပ်ချင်ယောင်ဆောင်တာ မဟုတ်ဘူး....သူက မပင်ပန်းဘဲနဲ့ မနိုးဘူး.....သူ့ကိုကြည့်မရတော့ဘူး'

'သူက hostထက် ပိုပင်ပန်းတယ်လေ.....အပေါ်က အားစိုက်ထုတ်ရတာ သိသာနေတာကို'

'ပါးစပ်ပိတ်......မင်း သူ့ဘက်ကဆို ငါ့ကိုလာမခေါ်နဲ့'

သူတို့စကားပြောနေစဥ် ရမ်ဟာ နိုးလားပြီး နိုးနိုးချင်း ရှောင်ကျန့်ပါးလေးအား နမ်းလိုက်လေသည်။

ရှောင်ကျန့်ကတော့ ပြုံးချင်နေတာကို သည်းခံပြီး အိပ်ချင်ယောင်ဆောင်နေလိုက်သည်။အသေးလေးကတော့ သူ့hostပုံစံကိုကြည့်ပြီး ဆွံ့အနေသည်။

Undying love system(Completed)Where stories live. Discover now