Birthday present

7.9K 849 23
                                    

သာသာ ညမှ villagerကို ထပ်တင်ပေးပါ့မယ်😊😊
အခုဒါဒါလေး HsuPyae အတွက် မွေးနေ့လက်ဆောင် တင်ပေးတာပါ😁 သာသာ ခေါင်းကိုက်နေလို့ နောက်ကျသွားတယ်😇

ရှောင်ကျန့်ဆိုတာ မှုခင်းဆရာဝန်တစ်ယောက်ဖြစ်ပြီး အသက်ငယ်ကာ အရမ်းတော်တာကြောင့် ရဲလောကတွင် နာမည်ကြီးလေသည်။

" ရှောင်ကျန့် ဒီနေ့အရမ်းကို အရေးကြီးတဲ့ အလောင်းတစ်လောင်းရှိတယ်....မင်းအကူအညီလိုတယ်..."

"ဟုတ်ပြီ....ငါလိုက်ခဲ့မယ်...."

ရှောင်ကျန့် အလောင်းတွေ ထားတဲ့အခန်းအား ရောက်တော့ ရဲမှူးကြီးကိုပါ တွေ့လိုက်တာကြောင့် ဒီအလောင်းဟာ အရေးကြီးမှန်း သိလိုက်သည်။

" ရှောင်ကျန့် ဒီအလောင်းဟာ အရမ်းအရေးကြီးတယ်...သူ့ကို သုတေတနစူးစမ်းရေးအဖွဲ့က နှစ်အတော်ကြာနေပြီဖြစ်တဲ့ ဂူတစ်ခုက တွေ့ခဲ့တာ...ပစ္စည်းမဟုတ်ဘဲ အလောင်းဖြစ်နေတာကြောင့် ငါတို့ဆီ အရင်အပ်ထားတာ...မင်းသူ့ကို စစ်ဆေးရမယ်..."

"ဟုတ်ကဲ့..."

"တစ်ခုခု ထူးခြားရင် ငါ့ကို လာတင်ပြ..."

"ဟုတ်ကဲ့"

ရှောင်ကျန့် ရဲမှူးတို့ ထွက်သွားတော့မှ အလောင်းကောင်အား သေချာကြည့်မိသည်။

"Wow....ဆံပင်တွေက အရှည်ကြီးဘဲ...ချောလည်းချောတယ်...နန်းတွင်းမိသားစုက အလောင်းများလား...နှစ်အများကြီး မပုပ်မသိုးအောင် လုပ်ထားတာနေမယ်..."

ရှောင်ကျန့် အလောင်းအား ရင်ခွဲစစ်ဆေးရန် ပြင်လိုက်သည်။သူ့ရဲ့ ခွဲစိတ်ဓားလေးအား ကိုင်ကာ အလောင်းကိုယ်ကို ခွဲလိုက်သည်။သို့သော် အလောင်းကိုယ်ပေါ်မှာ ခြစ်ရာလေးတောင် မထင်။

ရှောင်ကျန့် အံ့သြသွားကာ အားနဲ့ ထိုးလိုက်သော်လည်း ဓားပါကျိုးသွားသည်။

" လူပုံစံထုထားတဲ့ ကျောက်ရုပ်ထုဖြစ်မယ်...ဟူး....အလောင်းမှမဟုတ်တာကို....ရဲမှူးကို သွားပြောပြီး ပြန်ပို့ခိုင်းလိုက်မယ်..."

ရှောင်ကျန့် ထွက်သွားတော့ ထိုအလောင်းဟာ မျက်လုံးတွေ ပွင့်လာတာကိုတော့ ရှောင်ကျန့်မသိပေ။

Undying love system(Completed)Where stories live. Discover now