(10)

9.1K 974 44
                                    

ရုပ်ရှင်ရုံရှေ့တွင် အတွဲနှစ်တွဲဟာ လူအများငေးချင်စရာ ဖြစ်နေသည်။တစ်တွဲဟာ ပြီးပြည့်စုံလှတဲ့ ယောကျ်ားမိန်းမအတွဲ ဖြစ်ပြီး နောက်တစ်တွဲဟာ ယောကျ်ားလေးတွေတောင် မိန်းကလေးမကြိုက်နိုင်တော့လောက်အောင် လိုက်ဖက်တဲ့ ယောကျ်ာလေးစုံတွဲ ဖြစ်သည်။

"အကိုဟူရှီ......ဘာကားကြည့်ကြမလဲဟင်"

'အကိုဟူရှီ?ငါနဲ့လည်း မရင်းနှီးဘဲ ရင်းနှီးသလို လာလုပ်နေတယ်....သောက်ခွက်ကို ပိုက်ရိုက်လိုက်ရင် ကိုယ်ကျိုးနည်းကုန်မှာဆိုးလို့'

'Host. ...ဒီဇာတ်လိုက်မကို မုန်းနေသလားလို့'

'ငါ့ယောကျ်ားကို စနှိုက်ချင်တဲ့သူမှန်သမျှကို မုန်းတယ်'

"ဆာကူရာ ကြည့်ချင်တာ ရွေးလိုက်လေ....အကိုက အဲ့လို အကျိုးမရှိတာတွေမှာ အချိန်ပေးလေ့မရှိတော့ မရွေးတတ်ဘူး"

အသေးလေး '. ......'

"ဟုတ်ကဲ့.....ဒါဆို သရဲကား ကြည့်ရအောင်လေ....ကြောက်ပေမဲ့ ကြည့်ချင်လို့"

ဆာကူရာဟာ သူ့ကို ကပ်ဖဲ့သွားတဲ့ရှောင်ကျန့်အား ဒေါသထွက်သွားသော်လည်း ပြန်ထိန်းပြီး ပြောလိုက်လေသည်။

ရှောင်ကျန့်ကတော့ သူ့ရဲ့ တိုက်ခိုက်မှုကို ဂုဏ်ယူနေလေသည်။သူ့လောက် ဇာတ်ကားကြည့်တဲ့သူ မရှိလောက်အောင် drama fanဖြစ်တဲ့သူဟာ ရုပ်တည်ကြီးနဲ့ လိမ်နိုင်ခဲ့သည်။

"မူရို.....ဆာကူရာ့အတွက် ပေါက်ပေါက်သွားဝယ်ပေးပါလား..."

"သွားဝယ်ပေးမယ်လေ"

ဇာတ်လိုက်မဟာ ရှောင်ကျန့်အား 'ကြည့်လေ'ဆိုတဲ့ အကြည့်နဲ့ မျက်ခုံးပင့်ပြလေသည်။

'ငါ့ကိုများ လာစမ်းတယ်ပေါ့.....နင်သေဖို့သာ ပြင်ထားတော့'

"ဒါဆို တစ်လက်စထဲ ကျွန်တော်တို့အတွက်ပါ ဝယ်ခဲ့ပေးပါလား....ကျွန်တော်က ရမ့်ကို အရမ်းချစ်တော့ မခိုင်းရက်ဘူးလေ"

အိမ်သာသွားတာတောင် လိုက်ပို့ပေးရတဲ့ ရမ် ". ....."

ရှောင်ကျန့်စကား​ကြောင့် ဇာတ်လိုက်မဟာ မျက်နှာကွက်ခနဲ ပျက်သွားလေသည်။သူမက မချစ်တော့ ခိုင်းတယ်ဆိုတဲ့သဘော သက်ရောက်သွားတာကြောင့် စိတ်တိုသွားလေသည်။

Undying love system(Completed)Where stories live. Discover now